သမိုင်းပညာရှင် ဒေါက်တာတိုးလှနဲ့ လူပုဂ္ဂိုလ် ၄ ဦး ကို အမျိုးသားစာပေတစ်သက်တာ ဆုချီးမြှင့်
နိုဝင်ဘာ ၂၂
ထင်ရှားတဲ့ သမိုင်းပညာရှင် ဒေါက်တာတိုးလှ၊ ဒေါက်တာကျော်ဝင်း (သမိုင်း)၊ စာရေးဆရာ ဒေါက်တာမင်းတင်မွန် (ပါရဂူမင်းနန္ဒာ)၊ ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်) နဲ့ ဦးညွန့်ဆွေ (မောင်ဆွေသက်) တို့ကို ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်လိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒေါက်တာတိုးလှ ဟာ နာမည်ကျော် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ရဲ့ တပည့်ဖြစ်ခဲ့ဖူးပြီး သမိုင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်အထိ ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
မြန်မာ့ရှေးဟောင်းပစ္စည်းတွေကိုစုဆောင်းသူတစ်ဦးအနေနဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ စာရေးဆရာ Terence Tan (ဒေါက်တာတန်) အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး ၂၀၂၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Ancient Beads and Jewellery of Myanmar စာအုပ် ကို စစ်ကောင်စီ က အင်္ဂလိပ်ဘာသာ (သုတ) အမျိုးသားစာပေဆု ပေးအပ်ခဲ့ပါတယ်။
စာပေဗိမာန်ဆုတွေထဲမှာဆိုရင် ရှေးဟောင်းသုတေသန ဒုညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသိန်းလွင်(စာရေးဆရာ မြန်စာမြေသိန်းလွင်) က “ပျို့စာဆို ဦးနိုး၏ ဘဝနှင့် စာပေ” စာအုပ်နဲ့ သုတပဒေသာ (ဝိဇ္ဇာ) ပထမဆု ကိုရရှိခဲ့ပါတယ်။
ပုံစာ- မစ္စတာတန်၊ ဒေါက်တာတိုးလှ၊ ဒေါက်တာသိန်းလွင်(မြန်စာမြေသိန်းလွင်)
ဓာတ်ပုံ - မစ္စတာတန်၊ ဒေါက်တာတိုးလှ၊ ဒေါက်တာသိန်းလွင်(မြန်စာမြေသိန်းလွင်)
Credit - BBC
#သတင်းဟင်းလေးအိုးကြီး



