ချစ်နေရင်းနဲ့ စိတ်ပျက်သွားတဲ့အခိုက်အတန့်တွေရှိတက်ကြမှာပါ.....
အဲ့တာ ဘာကြောင့်လဲသိလား။
တစ်ဖက်လူရဲ့အမူအရာတွေ အပြောအဆိုတွေကြောင့် ဖြစ်လာတာ။
ကိုယ်က စိတ်ပျက်မိတယ်ဆိုတာ...
သူက ကိုယ်မကြိုက်တာတွေ ဘဲလုပ်ပြနေတာက်ိုး..
ကိုယ့်ကို ဂရုမှမစိုက်ဘဲပစ်ထားတယ်။
ကိုယ့်စိတ်ကိုနည်းနည်းလေးမှ မတွေးပေးဘူး။ သူ့ဘက်ဘဲကြည့်တယ်။
အဲ့တော့ ကိုယ့်ဘက်က စိတ်ပျက်မိတာ မမှားပါဘူး။
အဲ့ဒီလူကြောင့် ပင်ပန်းတယ်ခံစားနေရရင်
အဲ့ဒီလူကြောင့် ခဏခဏနာကျင်နေရရင်
လွှတ်ချသင့်ပါတယ်။
ခဏခဏ နာကျင်နေရမှာထက်စာရင်လေ
တစ်ခါထဲ နာကျင်လိုက်တာ ပိုကောင်းတယ် ထင်တယ်။
စိတ်ပျက်တယ်ဆိုတာ လည်း အဆင့်သုံးဆင့်ရှိပါတယ်။
ပထမ အဆင့်
သူ့ရဲ့အပြောအဆို တစ်ခုလေးကြောင့်စိတ်ပျက်မိတာ။
အဲ့အဆင့်မှာ ပြန်ထိန်းချုပ်နိုင်ပါသေးတယ်။
အော် သူ ပြင်မှာပါ...
ငါတို့ ဒီအထိရောက်လာပြီးပြီဘဲ..
သည်းခံနိုင်ရမှာပေါ့....
စသဖြင့် ဖြည့်တွေးတက်ကြသေးတယ်။
ဒုတိယအဆင့်။
ကိုယ် မကြိုက်တာ သူမပြင်လာတဲ့အပြင်
အဲ့တာမှားနေမှန်း သူ့ကိုယ်သူ မသိဘူး။
ကိုယ်ကလည်း အဲ့ဒီကိုယ်မကြိုက်တဲ့ လုပ်ရပ်တွေကို ခဏခဏသူလုပ်ပြနေတာကို ကိုယ့်ဘက်က မကြိုက်ပါဘူး လို့ဖွင့်မပြောချင်တော့ဘူး။
အဲ့မှာ...စတွေးပါပြီ။
သူငါ့ကို ဘာလို့ နားမလည်ရတာလဲ...
ငါဖြစ်ချင်တာကိုဘာလို့မသိရတာလဲ...
စသဖြင့်။
အဲ့မှာ လွှတ်ချချင်တဲ့စိတ်တွေဖြစ်လာပါပြီ။
ဒါပေမယ့် စောင့်ကြည့်ဦးမယ်ဆိုပြီး အဲ့ဒီအဆင်မပြေတဲ့ဆက်ဆံရေးကို ခဏထိန်းထားဖြစ်ဦးမယ်။
အဲ့တာကလည်း ကိုယ်ကချစ်နေသေးတာကိုး။
ချစ်တဲ့သူနဲ့ ဘယ်သူကတော့ပြတ်ချင်မလဲ။အဲ့တာကြောင့် သူဘယ်လောက်ဘဲ ကိုယ်မကြိုက်တဲ့ ဟာတွေလုပ်နေလုပ်နေခွင့်လွှတ်ပေးနေမိမယ်။
ဒါပေမယ့်........
တတိယအဆင့်။
မရတော့ဘူး...
သူ့စကားတွေက ကိုယ့်ကိုအရမ်းနာကျင်စေနေပြီ။
သူ့လုပ်ရပ်တွေကို သူမပြင်ဘူး။.
ကိုယ်ဘာဖြစ်နေမှန်း သူနားမလည်ဘူး..
အဲ့မှာ လုံးဝကို စိတ်ပျက်ပါပြီ။
လမ်းခွဲဖို့ ဘဲတွေးနေမိတော့မှာ...
ဘယ်သူတားတား မရတော့ဘူး။
ဘာလို့လဲ သိလား။
သည်းခံနိူင်စွမ်းကုန်သွားလို့.....
အဲ့ဒီမှာ ဘယ်လောက် ဘဲချစ်ခဲ့ချစ်ခဲ့
ဘယ်လောက်ဘဲအမှတ်တရတွေ ရှိခဲ့ရှိခဲ့
စိတ်ကနာကျည်းနေပါပြီ။
ဘယ်လိုဘဲ ငိုယိုပြီးတောင်းပန်တောင်းပန် သေကောင်းပေါင်းလဲဘဲဖြစ်နေပါစေဦး.
လုံးဝလှည့်ကြည့်မိမှာမဟုတ်တော့ဘူး။
အရမ်းပြတ်သားနေမှာပါ။
အဲ့တာကြောင့် စကားအပြောအဆိုလေးတစ်ခု...
အမူအရာလေးတစ်ခုကနေ တစ်စ တစ်စကြီးထွားလာတဲ့အခါ....
ပြတ်သားတက်ရဲတဲ့သတ္တိတွေရလာတက်တယ်။
ဒဏ်ရာဆိုတာ မကုဘဲထားရင်ပိုနက်တယ်လေ။
-သက်ထားရွှေစင်(THSS)-
#thethtarshwesinthss
#မေတ္တာနှင့်ခွင့်လွှတ်ခြင်း