1 d - Translate

📚ချစ်ဦးညို စာအုပ်တွေ ဖတ်ပြီးရင်
ရာဇဝင်ကို ချစ်လာတယ်။

📚ဂျူး စာအုပ်တွေ ဖတ်ပြီးရင်
အချစ်ထက် အရေးကြီးတဲ့အရာတွေကိုမြင်လာတယ်။

📚အောင်သင်း စာအုပ်တွေဖတ်ပြီးရင်
အဓိကနဲ့သာမညကို ခွဲခြားတတ်လာတယ်။

📚ချစ်နိုင် (စိတ်ပညာ) စာအုပ်တွေ ဖတ်ပြီးရင်
လူ့သဘောမနောတွေကို နားလည်လာတယ်။

📚တာရာမင်းဝေ စာအုပ်တွေဖတ်ပြီးရင်
ဘောင် အပြင်ကနေ တွေးတတ်လာတယ်။

📚ခင်နှင်းယု စာအုပ်တွေဖတ်မိပြီးရင်
မိန်းကလေးတွေရဲ့တန်ဖိုးကို နားလည်လာတယ်။

📚ဂျာနယ်ကျော်မမလေး စာအုပ်တွေဖတ်ပြီးရင်
ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်လာတယ်။

📚ခင်ခင်ထူး စာအုပ်တွေဖတ်ပြီးရင်
လောကကြီးမှာ ပိုပြီးနေတတ်လာတယ်။

📚မိုးမိုး(အင်းလျား)စာအုပ်တွေဖတ်ပြီးရင်
ပေါင်းသင်းဆက်ဆံရေး အရေးပါပုံ
သိလာတယ်။

📚မစန္ဒာစာအုပ်တွေ ဖတ်ပီးရင်
ဘဝကို အေးအေးချမ်းချမ်းပဲ
ဖြတ်သန်းချင်လာတယ်

📚ဘယ်စာအုပ်ပဲဖတ်ဖတ်ပါ
စိတ်အာဟာရအတွက်တော့ တစ်ခုခုရတာပါပဲ။

📚အသက်ကြီးလာတဲ့တစ်နေ့ကျရင်
ဒီထက်ပိုများတဲ့စာအုပ်တွေကြားထဲမှာသာ
တိတ်ဆိတ်စွာ အချိန်ကုန်ချင်တာ အိပ်မက်တစ်ခုပါ။

📚ဘာလို့လည်းဆိုတော့
စာအုပ်တွေဆိုတာစကားမပြောတတ်ပေမယ့်
အမြဲတမ်းသစ္စာရှိတဲ့ အကောင်းဆုံးသူငယ်ချင်းတွေပါပဲ။

🍂☘️🤍
#ᗩᒪoᑎᗴ

image