8 w - Translate

ဒီနေ့မနက် ပုဇွန် ပိန်းဥဟင်း
ဂေါ်ရခါးသီးကြက်ဥကြော်
သရက်သီးသနပ်ပါ
ပုဇွန်ကိုသန့်စင်ပြီးရေဆေးရေစစ်ထားပါ
ပိန်းဥကိုအခွံသင်ပြီးရေဆေးထားပါ ကြက်သွန်နီကိုနုတ်နုတ်စင်းလှီးထားပါ
မန်ကျည်းမည့်ရေစိမ်ပြီးအနှစ်ဖျော်ထားပါ
အိုးတလုံးမှာဆီထည့်အပူပေးပြီးဆီပူရင်ကြက်သွန်
နီစင်းလှီးထားတာကိုဆီသပ်ပါ
ကြက်သွန်နွမ်းလာမှနနွင်းမှုန့်
ငရုတ်သီးစိမ်းမှုန့်ထည့်ပြီးမွှေး
လာအောင်ဆီသပ်ပါ ရေကိုနဲနဲချင်းထည့်၍အနှစ်ကျလာအောင်ဆီသပ်ပါ စိမ်းစားငပိ
နဲနဲထည့်ပါမွှေပေးပါ အနှစ်ကျလာမှပုဇွန် ပိန်းဥထည့်ပါ
ရေမြုပ်နေအောင်ထည့်ပါ
ရွှေလှေတံဆိပ်ငံပြာရည်နှင့်အချိုမှုန့်နဲနဲထည့်ပါ
အမြုပ်တက်လာတာတွေခပ်ပြစ်ပါ ရေခန်းလာပြီးပိန်းဥနူးမှမန်ကျည်းရည်ဖျော်ထားတာ
ထည့်ပါ မွှေပေးပါ
အရသာမြည်းကြည့်ပါ အနေ
တော်ဆိုရင်မဆလာမွှေးအုပ်ပြီးချပါ ပုဇွန်ပိန်းဥဟင်းရပါပြီ
ဂေါ်ရခါးသီးကြက်ဥ
ကြော်က ဂေါ်ရခါးသီးကိုထိပ်နားလေးဖြတ်ပြီးဖြတ်ထားတာနှင့်ထိပ်ကိုကြာကြာလေးပွတ်
ပေးပါ ဂေါ်ရခါးသီးအစေးတွေ
ထွက်လာပါတယ် အဲဒါကိုရဆေေးပွီးမှဂေါျရခါးသီးကျို
အခွံသင်ပါ လက်မှာအစေးမပေတော့ပါ ပြီးရင်အမျှင်လေးတွေလှီးပါ ဒယ်အိုးတလုံးမှာ
ဆီထည့်အပူပေးပြီးကြက်ဥ
တလုံးကိုဖေါက်ထည့်ကာ
ကျက်နေအောင်ကြော်ပြီးဘေးကပ်ထားပါ ကြက်သွန်နီပါးပါးလှီးထားတာကိုအနံ့မွှေးလာ
အောင်ဆီသပ်ပါ နနွင်းမှုန့်နဲနဲထည့်ပါ ဂေါ်ရခါးသီးထည့်ပါ
မွှေပေးပါ ရွှေလှေတံဆိပ်ငံပြာ
ရည်နှင့်အချိုမှုန့်နဲနဲထည့်ပါ
မွှေပေးပါ ဂေါ်ရခါးသီးနွမ်းပြီး
ကျက်ရင်ကြက်ဥကြော်ထားတာနှင့်ရောမွှေကြော်ပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ဂေါ်ရခါးသီးကြော်ရပါပြီ
သရက်သီးသနပ်လုပ်နည်းက
ရေးပြီးသားမို့ထပ်မရေးတော့ပါဘူး
စားကောင်းကြပါစေ

image