27 w - Translate

အမှားကြာတော့ အမှန်ထင်သွားကြ

*အသီးမှာသရက်
* အသားမှာဝက်
* အရွက်မှာလက်ဘက်
ဟူသောစကားကိုကြားဖူးကြမည်ဖြစ်ပါသည်။
အမှန်ဟုလည်းထင်နေကြမည် ဟုယုံကြည်ပါသည်။
ထိုစကားကိုအမှန်ဟု ယုံကြည်ခဲ့ပါသည်။

အမှန်မှာ…
ထိုသို့မဟုတ်ပါကြောင်း
မရှိခဏဆရာတော်ဟောကြားသော
တရားစကားစုအချို့မှမှတ်သားသိရှိခဲ့ရပါသည်။

ရှေ့ယခင်လူကြီး သူမတို့ထားခဲ့ကြသည့်စကားအမှန်မှာ…
(၁) "အသီးမှာ သရက်"မဟုတ်ပါ။
အသီးဆိုရင် အပင်ကခူးပြီး တစ်ရက်ပဲထားပါ
တစ်ရက်ထက်ပိုကြာရင် အသီးမှာပါဝင်တဲ့အာဟာရဓါတ်များ
လျော့ပါးသွားတတ်ပါတယ်။ "အသီးမှာတစ်ရက်"ဟု
ဆိုလိုခြင်းဖြစ်ပါတယ်။

(၂) "အသားမှာဝက်"မဟုတ်ပါ။
အသားကိုစားမယ်ဆိုရင်တစ်ဝက်၊ ဝက်ပြီးအသီးအနှံနှင့်
ရောချက်ပါလို့ ဆိုလိုခြင်းသာဖြစ်ပါတယ်။
"အသားမှာထက်ဝက်" ဖြစ်ပါတယ်။

(၃) "အရွက်မှာလက်ဘက်"မဟုတ်ပါ။
အရွက်လေးတွေကို ခူးချက်တော့မယ်ဆိုရင် ဓါး, ကတ်ကြေး
စသည်တို့နှင့် မဖြတ်ဘဲ၊ လက်ကလေးနဲ့ ဖဲ့ချွေပြီးမှ
ချက်ပါက အာဟာရပို၍ဖြစ်စေပါတယ်။
"အရွက်မှာလက်ဖဲ့"ဟု ဆိုလိုခြင်းသာဖြစ်ပါသည်..ဟု
မရှိခဏဆရာတော်၏ တရားတော်တွင် ပါရှိပါသည်။

အမှားကြာ၍ အမှန်ထင်နေကြသည့်စကားများဟု
ဗဟုသုတအဖြစ် မှတ်သားသိရှိခဲ့ရပါသည်။

#knowledge

image