ဟွန်ဆန်နဲ့ USDP ဥက္ကဋ္ဌ ဦးခင်ရီတွေ့ဆုံ
နိုဝင်ဘာ ၂၂
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာ ဟွန်ဆန်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီ တို့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ကြတယ်လို့ မစ္စတာ ဟွန်ဆန် ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် အာရှနိုင်ငံရေးပါတီများအထွေထွေညီလာခံ(ICAPP) ကို တက်ရောက်နေတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟွန်ဆန်နဲ့ အာရှနိုင်ငံရေးပါတီက ခေါင်းဆောင် တွေ့ဆုံချိန်မှာ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်နက် လည်းတက် ရောက်ခဲ့တယ်လို့ ကမ္ဘောဒီးယားကလာတဲ့ သတင်းတွေအရသိရပါတယ်။
ပုံစာ- မစ္စတာ ဟွန်ဆန်နဲ့ ဦးခင်ရီတွေ့ဆုံ
ဓာတ်ပုံ - မစ္စတာ ဟွန်ဆန်
#centralnewsnaypyitaw