27 w - Translate

#အပူလျှပ်ခြင်း

#ချက်ချင်းကုသမှုမခံယူနိုင်ပါကမိနစ်‌ပိုင်းအတွင်းအသက်အန္တရာယ်ရှိနိုင်ပါသည်။

မိနစ် 30 အတွင်း ခန္ဓာကိုယ်ကို အေးမြသွားအောင်ပြုလုပ်နိုင်လျှင် အပူလွန်ကဲခြင်းသည် မပြင်းထန်သည်သာမက အပူလျှပ်ခြင်းကို မဖြစ်အောင် ကာကွယ်ပေးပါသည်။ အပူလျှပ်ခြင်းသို့ ပြောင်းလဲသွားပါက အရေးပေါ်ကုသရန် လိုအပ်ပါသည်။

အပူလွန်ကဲခြင်း လက္ခဏာများ ရှိမရှိ စစ်ဆေးပါ။

🧸အပူလွန်ကဲခြင်း၏ လက္ခဏာများမှာ-

* ခေါင်းကိုက်ခြင်း
* မူးဝေခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း
* အစာစားချင်စိတ် ဆုံးရှုံးပြီး နေမကောင်းဖြစ်ခြင်း
* ချွေးအလွန်အကျွံထွက်ခြင်း နှင့် အသားအရေ ဖြူဖျော့ခြင်း
* လက်၊ ခြေထောက်နှင့် ဗိုက်တွင် ကြွက်တက်ခြင်း
* အသက်ရှူမြန်ခြင်း / သွေးခုန်နှုန်း မြန်ခြင်း
* အပူချိန် 38C နှင့် အထက်
* အလွန်ရေငတ်ခြင်း။

ကလေးများတွင် အထက်ပါ လက္ခဏာများတွေ့ရသည်သာမက ပျော့ခွေလဲကျသွားတတ်ပါသည်။
တစ်စုံတစ်ယောက်သည် အပူဓာတ် လွန်ကဲမှု လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်း အေးသွားအောင်လုပ်ရန် လိုအပ်ပါသည်။

🧸ချက်ချင်းအေးသွားစေဖို့ သင်လုပ်နိုင်သည့်အရာများ

တစ်စုံတစ်ယောက်တွင် အပူဓာတ် လွန်ကဲမှုဖြစ်နေပါက အောက်ပါ အဆင့် ၄ ဆင့်ကို လိုက်နာပါ ။

1. သူတို့ကို အေးမြသောနေရာတွင် ရွှေ့ပါ။

2. လှဲအိပ်ပြီး ခြေထောက်ကို အနည်းငယ်မြှင့်ထားပါ။

3. ရေ/ဓာတ်ဆားရည် များများသောက်ခိုင်းပါ။

4. ခန္ဓာကိုယ် တစ်ခုလုံးကို အေးမြစေပါ – ရေအေးဖြင့် ဖြန်းပါ သို့မဟုတ် ရေပတ်တိုက်ပေးပါ။ အဲယားကွန်း သို့မဟုတ် ပန်ကာ ဖွင့်ပေးပါ။ချိုင်း / ပေါင်ခြံ သို့မဟုတ် လည်ပင်းနားတစ်ဝိုက်ကို အဓိကထားပြီး ရေပတ်တိုက်ပေးပါ။

ရောဂါလက္ခဏာများ သက်သာလာသည်အထိ အတူနေပြီးစောင့်ကြည့်ပေးပါ။
၎င်းတို့သည် စတင်အေးမြလာပြီး မိနစ် 30 အတွင်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

အပူလွန်ကဲခြင်းကို စနစ်တကျ ပြုစုကုသခြင်းမရှိပါက အပူလျှပ်ခြင်း ဖြစ်ပေါ်လာပါသည်။

🧸အပူလျှပ်ခြင်း လက္ခဏာများ မှာ

* မိနစ် 30 လောက်အေးတဲ့ နေရာမှာ အနားယူပြီး ရေများများသောက်သော်လည်း နေလို့မကောင်းဖြစ်ခြင်း
* ရာသီဥတုအရမ်းပူနေချိန်မှာ ချွေးမထွက်ခြင်း
* မြင့်မားသောအပူချိန် 40C နှင့် အထက်
* အသက်ရှူမြန်ခြင်း သို့မဟုတ် အသက်ရှုကြပ်ခြင်း။
* စိတ်ရှုပ်ထွေးခြင်း
* တက်ခြင်း
* သတိလစ်ခြင်း
* မတုံ့ပြန်ခြင်း

အထက်ပါလက္ခဏာများ ပေါ်ပေါက်ပြီး အမြန်မကုသပါက အပူလျှပ်ခြင်းသည် အသက်အန္တရာယ်ရှိပါသည်။

လူနာတင်ယာဉ်ကိုစောင့်ဆိုင်းနေစဉ် သတိလစ်သွားပါက ချက်ချင်းအေးသွားစေဖို့ သင်လုပ်နိုင်သည့်အရာများ ကို စနစ်တကျ ပြုလုပ်ပေးပါ။

🧸အပူလွန်ကဲခြင်းနှင့် အပူလျှပ်ခြင်းကို ကာကွယ်ခြင်း

ပူပြင်းသောရာသီဥတုတွင် အပူလွန်ကဲခြင်းနှင့် အပူလျှပ်ခြင်း ဖြစ်နိုင်ချေ မြင့်မားသည်။
အပူလွန်ကဲခြင်း သို့မဟုတ် အပူလျှပ်ခြင်းကို ကာကွယ်ရန်-

* ရေများများသောက်ပါ။ (လေ့ကျင့်ခန်းလုပ်ခြင်း/ပြင်းထန်စွာ အလုပ်လုပ်ရသော လူများတွင် ပိုပြီးလိုအပ်ပါသည်။)

* အေးမြသောရေကို ချိုးပါ။

* အရောင်ဖျော့ဖျော့ အဝတ်အစားများ ဝတ်ဆင်ပါ။

* နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း အေးမြသော အရိပ်အောက်တွင်နေပါ။

* အရက်အလွန်အကျွံသောက်ခြင်းရှောင်ပါ။

* ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

အထက်ပါအတိုင်း ပြုလုပ်ခြင်းဖြင့် ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ပေးသည်သာမက သင့်ခန္ဓာကိုယ်ကို အေးမြစေပါသည်။

ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ (ဥပမာ- ဆီးချို သို့မဟုတ် နှလုံးပြဿနာများ) တွင် အပူလွန်ကဲခြင်း သို့မဟုတ် အပူလျှပ်ခြင်း ဖြစ်နိုင်ခြေပိုများသောကြောင့် အမြဲစောင့်ကြည့်ရန်လိုအပ်ပါသည်။

#ဒေါက်တာထက်အာကာ
#အပူလျှပ်ခြင်း
#heat_stroke
#ကျန်းမာရေးဗဟုသုတ

image