နတန်ယာဟု၊ ဂါးလန့်နဲ့ မိုဟာမက်ဒီယက်ဘ်တို့ကို ICC က ဖမ်းဝရမ်းထုတ်
နိုဝင်ဘာ ၂၂
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က အစ္စရေးဝန်ကြီးချုပ်ဘင်ဂျနင်နတန်ယာဟု၊ အစ္စရေးကာကွယ်ရေးဝန် ကြီးဟောင်း ယူအက်ဂါးလန့်နဲ့ ဟားမတ်စ်စစ်ရေးခေါင်းဆောင် မိုဟာမက်ဒီယက်ဘ်အီဘရာဟင် အယ်လ်မာ ဆရီတို့ကို ကြာသပတေးနေ့ (နိုဝင်ဘာ ၂၁ ရက်နေ့) က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
တရားရုံးရဲ့ တရားစီရင်ရေးနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံရဲ့ တောင်းဆိုချက်တွေကို တရားရုံးက ပယ်ချခဲ့ပြီး နောက် အခုလို နတန်ယာဟုနဲ့ ဂါးလန့်တို့ကို ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။
ဟားမတ်စ်စစ်ရေးခေါင်းဆောင် မိုဟာမက်ဒီယက်ဟာ ဇူလိုင်လအတွင်းက ဂါဇာဒေသလေကြောင်းတိုက်ခိုက်မှု မှာ သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးက ပြောကြားထားပေမဲ့ မိုဟာမက်ဒီယက်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအ တွက် အဆိုပါပုဂ္ဂိုလ်သုံးဦးမှာ တာဝန်ရှိတယ်ဆိုတာကို ခိုင်မာတဲ့အထာက်အထားတွေရှိကြောင်း ICC တရား သူကြီးတွေက ပြောပါတယ်။
“နတန်ယာဟုနဲ့ ဂါးလန့်ဟာ စစ်ဆင်ရေးနည်းလမ်းတစ်ခုအနေနဲ့ အငတ်ဘေးကြုံကြိုက်အောင် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနဲ့ လူသားမျိုးနွယ်ကိုသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနဲ့ တခြား လူမဆန်တဲ့ရက်စက်မှုတွေကို ကျူးလွန်ခြင်း” များဆောင်ရွက်ခဲ့မှုအတွက် တာဝန်ရှိကြောင်း ကြာသပတေးနေ့က ICC ထုတ်ပြန်ချက်ထဲမှာဖော် ပြထားပါတယ်။
“ဟားမတ်စ်ခေင်းဆောင် မိုဟာမက်ဒီယက်ဟာ လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ ဓားစာခံတွေဖမ်းဆီးမှု၊ မုဒိန်းမှုနဲ့ တခြား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်မှုအတွက်” တာဝန်ရှိကြောင်း ICC ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
နတန်ယာဟုနဲ့ ဂါးလန့်ကို အခုလို ဖမ်းဝရမ်းထုတ်လိုက်တာဟာ အရေးကြီးတဲ့သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ချလိုက်တာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့ကပြောပေမဲ့ အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုကတော့ “ICC ရဲ့ ဆုံး ဖြတ်ချက်ဟာ “ဂျူးလူမျိုးဆန့်ကျင်ရေး” ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောဆိုရင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။
ဒီဖမ်းဝရမ်းရဲ့ အကျိုးသက်ရောက်မှုက တစ်စိတ်တစ်ပိုင်းအားဖြင့် အစ္စရေးနဲ့ အဓိကမဟာမိတ် အမေရိကန်ပြည် ထောင်စုတို့ မပါဝင်တဲ့ ICC အဖွဲ့ရဲ့ အဖွဲ့ဝင် ၁၂၄ နိုင်ငံဟာ အဲဒီအမိန့်ကို အာဏာတည်အောင်ဆောင်ရွက်မ လား / မဆောင်ရွက်ဘူး ခလားဆိုတဲ့အပေါ် မူတည်နေပါတယ်။
အမေရိကန်အစိုးရကတော့ ICC တရားရုံးဆုံးဖြတ်ချက်ကို ပယ်ချလိုက်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ ဒါပေမဲ့ ဥရောပနိုင်ငံ လေးငါးနိုင်ငံကတော့ ICC တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ဟာ ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံတွေမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုး နွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေအတွက် သက်ဆိုင်ရာကျူးလွန်သူတွေကို တရားစွဲဆိုခွင့်ရှိပါတယ်။
Ref: Arrest warrants issued for Netanyahu, Gallant and Hamas commander over alleged war crimes
#သတင်းဟင်းလေးအိုးကြီး