Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား နစကဥက္ကဋ္ဌ တက်ရောက်

နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအချိန်တွင် နိုင်ငံတော်ကအားထားရသည့် အင်ဂျင်နီယာ၊ ဗိသုကာနှင့် ကွန်ပျူတာပညာရှင်များကို အရည်အချင်းပြည့်မီစွာ မွေးထုတ်ပေးနိုင်ရန်အတွက် Naypyitaw State Polytechnic University & Polytechnic University (၇) ခုı နည်းပညာတက္ကသိုလ် (၂၇)ခု၊ ကွန်ပျူတာ တက္ကသိုလ်(၁၉)ခု၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(၁)ခု၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် (၁) ခု၊ စုစုပေါင်းအင်ဂျင်နီယာပညာရပ် သင်ကြားပို့ချပေးသည့် တက္ကသိုလ် (၅၆) ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University (၅) ခုကို ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင် ယနေ့တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်ကို တစ်ပါတည်းပြောကြားလိုကြောင်း ပြောသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ် (၆) ခုဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြုဘာသာရပ်ကိုပါ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အင်ဂျင်နီယာအထူးပြုဘာသာရပ်များသာမက ကွန်ပျူတာ သိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များကိုပါ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက Naypyitaw State Polytechnic University ကို ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်များနည်းတူ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဂျင်နီယာအထူးပြုဘာသာရပ်ဌာန (၇) ခု၊ ကွန်ပျူတာအထူးပြုဘာသာရပ်ဌာန (၄) ခု၊ အခြားအထောက်အကူပြု ဘာသာရပ်ဌာန (၅) ခု၊ သင်ကြားရေး ဌာနစုစုပေါင်း (၁၆) ခုဖြင့် ပြည့်စုံအောင် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

နိုင်ငံတော်က တည်ဆောက်ပေးလိုက်သည့် Naypyitaw State Polytechnic University ကို ယခုထက်ပိုမို ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ် အင်ဂျင်နီယာပညာရှင်များသည် ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရှင်များ ဖြစ်လာစေရေး အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံသမိုင်းစဉ်တစ်လျှောက်တွင် မြန်မာ့ရိုးရာ အင်ဂျင်နီယာနှင့် ဗိသုကာအတတ်ပညာနှင့် နိုင်ငံ၏ဂုဏ်အဖုံဖုံကို မြှင့်တင်ပေးခဲ့ကြသည့် ရှေးပညာရှင် အကျော်အမော်များအားလုံး ခေတ်သစ်အင်ဂျင်နီယာပညာများနှင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အင်ဂျင်နီယာပညာရှင်များ အားလုံးကိုအထူးပင် ဂုဏ်ပြုချီးကျူးကြောင်းဖြင့် ပြောသည်။

#centralnewsnaypyitaw

imageimage
+7