8 w - Translate

Final Girl - Horror Movie Fanpage
ဟော်ရာ ရုပ်ရှင်တွေမှာ ဘာကြောင့် အဓိက
ဇာတ်ကောင် အများစုက အမျိုးသမီး‌တွေပဲ
ဖြစ်နေရတာလဲ ???
1.ယေဘူယျ အားဖြင့် အမျိုးသမီး တွေဟာ
အမျိုးသားတွေထက် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်း
ဆိုင်ရမှာ အားနည်းတာကြောင့် ဟော်ရာ
ရုပ်ရှင်တွေမှာ အမျိုးသမီးတွေကို
ထည့်သွင်ခြင်းအားဖြင့် ကြည့်ရှုမဲ့ ပရိတ်သတ်ကို
ပိုပြီး ဆွဲဆောင်နိုင်ပါတယ်။
အားကောင်းမောင်းသန် အမျိုးသားတစ်ယောက်က
သရဲ ဒါမှမဟုတ် လူ*Tတ်သမားကြောင့် ပြေးလွှား ဒုက္ခရောက်နေတာမျိုးကို ကြည့်ရတာထက်
အားနွဲ့တဲ့ မိန်းကလေးတစ်ယောက် ဒုက္ခ
ရောက်နေတာကို ကြည့်ရတာက ပိုပြီး
သနားဖို့ကောင်းတယ် စာနာစိတ်ပိုပြီး
ဖြစ်စေတယ်လို့ ယူစထားလေ့ ရှိကြပါတယ်။
2.အမျိုးသမီးတွေဟာ အန္တရာယ်တစ်ခုခုနဲ့
ကြုံရပြီဆိုရင် ပထဦးဆုံး လုပ်မိတာက
အော်ဟစ်တာပါပဲ အဲ့လိုချိန်မှာ ထွက်ကျလာတဲ့
အော်ဟစ်တဲ့ အသံဟာ အမျိုးသားတွေရဲ့
အသံထက် ပိုပြီးကျယ်တယ် ကြည့်ရှုတဲ့သူကို
စိတ်လှုပ်ရှားမှု ပိုပေးစွမ်းနိုင်ပါတယ်။
ဒါကြောင့် Horror ‌Movie လောကမှာ
Scream queen တွေရယ်ဆိုပြီး ပေါ်လာတာပါ။
ဥပမာ - Ready or not က မင်းသမီးရဲ့
အော်ဟစ်သံ လိုမျိုးပေါ့ တစ်ချို့ကားတွေမှာ
ဆိုရင် အော်ဟစ်သံ ကောင်းကောင်းရဖို့
အသံသရုပ်ဆောင် သီးသန့် ငှားရတာ
မျိုးတောင် ရှိပါတယ်။
3. အမျိုးသမီးတွေဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ
အမျိုးသားတွေထက် အားနည်းပေမဲ့
စိတ်ပိုင်းဆိုင်ရာမှာတော့ ကြံ့ခိုင်မှု ညီမျှပါတယ်။
တစ်ချို့အမျိုးသမီးတွေဆို အမျိုးသားတွေထက်
စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးတောင် ကြံ့ခိုင်ကြပါတယ်။
အရေးကြုံလာခဲ့ရင်လဲ အမျိုးသားတွေဟာ ရန်သူနဲ့
မျက်နှာချင်း တန်းဆိုင်တာများပြီး
အမျိုးသမီးတွေကတော့ အင်အားမမျှတာကြောင့်ဘယ်လို အသက်ရှင်လွတ်မြောက်အောင်
ကြိုးစားရမလဲဆိုတာကိုပဲ အများစုဟာ
အကြံထုတ်တတ်ကြပါတယ် ဒါကြောင့်
Horror Movie တွေမှာ Final Girl ရယ်ဆိုပြီး
ဖြစ်ပေါ် လာခဲ့တာပါ။
( နောက်ဆုံးမှာ အသက်ရှင် ကျန်ရစ်ခဲ့တဲ့
မိန်းကလေးတွေပေါ့ )
4.အမျိုးသားဇာတ်ကောင်ပါတဲ့ ဟော်ရာရုပ်ရှင်တွေ
ထက် အမျိုးသမီးဇာတ်ကောင်ပါတဲ့ ရုပ်ရှင်တွေက
ပိုပြီး လူကြည့်များပါတယ် ဘာကြောင့်လဲဆိုရင်
အမျိုးသားပရိတ်သတ် တော်တော်များများဟာ ‌
မင်းသမီးချောချော လေးတွေပါလို့ ကြည့်တတ်
ကြပြီး အမျိုးသမီး ပရိတ်သတ်တွေကလည်း
သူတို့ကို ကိုယ်စားပြုပြီး ရိုက်ကူးထားတာမို့
စိတ်၀င်စားပြီး ကြည့်ရှုတတ်ကြပါတယ်။
5.အမျိုးသမီးတွေကို သားကောင်အဖြစ် ပုံဖော်ဖို့ အမျိုးသားတွေထက် ပိုပြီး လွယ်ကူပါတယ်။
နောက်ဆုံးမှာ သားကောင်ကနေ ရန်သူကို အနိုင်ရ
သွားခဲ့ရင်လည်း မိန်းကလေးဖြစ်‌နေပေမဲ့
ရင်ဆိုင်နိုင်တယ် သတ္တိရှိတယ်ဆိုတဲ့ ခံစားကြောင့်
ပရိတ်သတ်ရင်ထဲ ပိုရောက်ပါတယ်။
6.ဟော်ရာရုပ်ရှင် အများစုမှာ အမျိုးသားတွေကို
လူ*Tတ်သမားတွေ ဆိုက်ကိုကောင်တွေ အဖြစ်
အများဆုံး မြင်ရပြီး အမျိုးသမီးတွေကိုတော့
ခံရတဲ့ သူတွေအဖြစ် ပုံဖော်ထားလေ့ရှိပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုရင် အဖြေကရှင်းပါတယ်။
အပြင်လက်တွေ့ ဘ၀တွေမှာလည်း အမျိုးသမီး
အများစုဟာ အမျိုးသားတစ်ချို့ရဲ့ နှုတ်ဖြင့်
သော်၎င်း ကိုယ်ဖြင့်သော်၎င်း အကြ&မ်းဖ&က်
အနိုင်ကျ&င့် စော်ကားခြင်းတွေကို
ခံစားနေကြရလို့ပါပဲ။
7.ဟော်ရာရုပ်ရှင်တိုင်းရဲ့ အဆုံးသတ်မှာ အများစု
အသက်ရှင် ကျန်ရစ်ခဲ့တာက အမျိုးသမီး
ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုပြန်ရင်တော့ လူအဖွဲ့
အစည်းမှာ အရိုးစွဲနေတဲ့ အမျိုးသမီးတွေဟာ
အမျိုးသားတွေထက် ပိုပြီး အားနည်းတယ်ဆိုတဲ့
အမြင်ကို ပြောင်းလဲပေးချင် ကြလို့ပါပဲ။
***
ဒါတွေကတော့ ဟော်ရာရုပ်ရှင်တွေမှာ ဘာကြောင့် အဓိက ဇာတ်ကောင် အများစုက အမျိုးသမီး‌တွေ
ဖြစ်နေရတာလဲ ?ဆိုတဲ့ အချက်တွေပါပဲ။
Admin ကို ခနခန လာမေးနေကြလို့ လေ့လာ
မိသလောက်လေး ဖြေပေးထားတာပါ။
#fg #horrormovies #female #characters

image