မကွေးမြို့တွင် အမျိုးသားတစ်ဦးက ဆေးခန်းထဲဝင်ရောက်ကာ ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဆရာဝန်ကြီးတစ်ဦး သေဆုံး
နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ဆေးရုံကြီးရှေ့ရှိ စိမ်းဆေးခန်းတွင် နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းက အမျိုးသားတစ်ဦး ဝင်ရောက်ကာ ဓားဖြင့် တိုက်ခိုက်မှုကြောင့် ကာလသားရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ မို့မို့စိမ်း သေဆုံးပြီး အကူအမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
“ဘာကြောင့် လုပ်တယ်ဆိုတာတော့ မသိဘူး။ ကျူးလွန်တဲ့ အမျိုးသားကိုတော့ ဝိုင်းဖမ်းလို့မိတယ်” ဟု လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူ ပြောဆိုသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်တွင် မကွေးတိုင်းဆေးရုံကြီးနှင့် မျက်နှာခြင်းဆိုင် ဖွင့်လှစ်ထားသည့် စိမ်းဆေးခန်းထဲတွင် ဆရာဝန်ကြီး ဒေါက်တာ မို့မို့စိမ်းရှိနေစဉ် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ဓားဖြင့် တိုက်ခိုက်မှုကြောင့် ဆရာဝန်ကြီးမှာ ဆေးခန်းအပြင်သို့ ထွက်ပြေး ကာ ပတ်ဝန်းကျင်အား အကူအညီခံခဲ့ကြောင်း၊ ထိုသို့ တောင်းခံမှုကြောင့် ကျုးလွန်သူမှာ ထွက်ပြေးခဲ့သော် လည်း ဒေသခံများ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ဖမ်းမိခဲ့ပြီး မကွေးမြို့မရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဆရာဝန်ကြီး ဒေါက်တာ မို့မို့စိမ်းသည် လည်ပင်းပြတ်ရှဒဏ်ရာအပါအဝင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ပြီး၊ ဆရာဝန်ကြီး၏ အကူအမျိုးသမီး တစ်ဦးလည်း လက်ကိုပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ဆရာဝန်ကြီးဒေါက်တာ မို့မို့စိမ်း၏ ရုပ်အလောင်းအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနမှတစ်ဆင့် ရင်ခွဲရုံကို ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#centralnewsnaypyitaw