ရေး-ထားဝယ်သွားကားလမ်းပေါ်ရှိ ကိုးမိုင်တံတား မိုင်းခွဲဖျက်ဆီးခံရ

နိုဝင်ဘာ ၂၂

နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က ကိုးမိုင်ကျေးရွာအနီး ရေး-ထားဝယ်သွားကားလမ်းပေါ်ရှိ ကိုးမိုင်တံတားအား အကြမ်းဖက်(စိစစ်ဆဲ)အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

အဆိုပါတံတားမှာ ၂၀၀၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော ရေး-ထားဝယ်သွား ကားလမ်း မိုင်တိုင်အမှတ် ၁၀၇/(၁)နှင့် ၁၀၇/(၂) ကြားတွင်တည်ရှိပြီး တံတားအမှတ်(၁/၁၀၈)၊ အလျား(၁၈၀)ပေ၊ အနံ(၃၄)ပေ ရှည်လျား သည့်  သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း၊ မိုင်းထောင်ဖေါက်ခွဲခံရမှုကြောင့် လတ်တလောအခြေအနေအရ မော်တော်ယာဉ်များ သွားလာ၍မရဘဲ ဆိုင်ကယ်များသာ ဖြတ်သန်း သွားလာ၍ရကြောင်းနှင့် လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရပါတယ်။

Credit - MMG News Agency

#သတင်းဟင်လေးအိုးကြီး

image