မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် (၁၄) ဦးနဲ့အတူ ကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၂

မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် (၁၄) ဦးနဲ့အတူ ကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ နစက ကနေ ထုတ်ပြန်ပြောဆိုလာပါတယ်။

နိုဝင်ဘာ ၅ ရက်‌နေ့က ကလေးဝ ကနေ ကလေး ဘက်ကို မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ကို စစ်ဆေးရာကနေ ဆက်စပ်ပြီး မူးယစ်ဆေး၀ါးတွေနဲ့ တရားခံတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံတွေရဲ့ ထွက်ဆိုချက်အရ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတို့မှာ သယ်ဆောင်ရောင်းဝယ် ပြုလုပ်ဖို့ သိုလှောင်သိမ်းဆည်းထားတဲ့ မူးယစ်းဆေး၀ါးကိုလည်း သိမ်းဆည်းရမိခဲ့တာပဲ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေး၀ါးတွေကတော့ ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၅ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနဲ့ ထိန်းချုပ် ဓာတု‌ပစ္စည်း ကဖင်း ၃ တန် တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်မှောင်ခိုဂိုဏ်းဝင် (၂၁)ဦးကို ဖော်ထုတ်ထားနိုင်ခဲ့ပြီး ဖမ်းဆီးရန် (၇) ဦး ကျန်ရှိနေသေး တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image
image