အမြဲတမ်း လွဲချော်နေကြတဲ့ တွေ့ဆုံမှုတွေဟာ
ဒီကမ္ဘာမှာ ရှိကို ရှိတယ် ။
သူ တမ်းတချိန် ကိုယ် မကြားမိတာမျိုး
ကိုယ် တမ်းတချိန် သူ ရှိမနေတာမျိုး
ဒီနေရာကို ကိုယ်ရောက်ခဲ့ပေမယ့် သူ ရှိမနေတာမျိုး
သူ စောင့်နေပေမယ့် ကိုယ် မရောက်ခဲ့တာမျိုး
အကြိမ်ကြိမ် အခါခါ တွေ့ဆုံဖို့ ကြိုးစားပေမယ့်
အကြိမ်ကြိမ် အခါခါ လွဲချော်နေခဲ့ကြတယ် ။
ဆရာ အောင်ချိမ့် ကဗျာလေးလိုပေါ့…
“ ငါတို့ဘယ်ရထားမှာ လွဲခဲ့ကြတာလဲ
တစ်ခါလွဲရင် နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ “
ဒီလိုနဲ့ပဲ ငါတို့ တစ်ဘဝစာ လွဲချော်ခဲ့ကြတယ်…
-Poem