8 w - Translate

အမေရိကက ဗီယက်နမ်သို့ လေ့ကျင့်ရေးလေယာဉ်များစေလွှတ်ခဲ့

ဟနွိုင်း၊နိုဝင်ဘာ ၂၀

ဗီယက်နမ်နိုင်ငံလေတပ်သည် ၎င်း၏လေ့ကျင့်ရေးစွမ်းရည်ကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်၌ အမေရိကက ဗီယက်နမ်သို့ လေ့ကျင့်ရေးလေယာဉ်သုံးစင်းကို ပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါလေယာဉ်သုံးစင်းသည် အမေရိကထံမှ ဗီယက်နမ်လေတပ်ရရှိမည့် လေယာဉ် ၁၂ စင်းအနက် နမူနာသုံးစင်းဖြစ်သည်ဟုလည်း အမေရိကန် အင်ဒို - ပစိဖိတ်ဒေသ စစ်ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

“ယနေ့ဗီယက်နမ်လေတပ်ကိုရောက်ရှိလာတဲ့ T-6 အမျိုးအစားလေယာဉ်တွေဟာ ဗီယက်နမ်လေတပ်စွမ်းရည်မြှင့်တင်ရေးအတွက် အမေရိကရဲ့ကတိကဝတ်ကို သက်သေပြခဲ့တာပါ” ဟုလည်း ပစိဖိတ်ဒေသလေတပ်၏ တပ်မှူးဗိုလ်ချုပ်ကြီး ကီဗင်ရှီနီဒါကပြောကြားခဲ့သည်။

ယခုကဲ့သို့ ပေးပို့ထောက်ပံ့ခြင်းသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမေရိက၏အကူအညီဆိုင်ရာကတိကဝတ်များအတိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့ပြီး အဆိုပါလေ့ကျင့်ရေးလေယာဉ်များသည် ဟိုချီမင်းမြို့အရှေ့ဘက်ကမ်းရိုးတန်းရှိ Phan Thiet လေတပ်အခြေစိုက်စခန်းသို့ ဆင်းသက်မည်ဟုလည်းသိရသည်။

“ဒီလေယာဉ်တွေနဲ့အတူ ဗီယက်နမ်ရဲ့အထူးလေ့ကျင့်ထားတဲ့လေသူရဲများ၊အမေရိကအပါအဝင် ကျန်နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ဆက်လက်စောင့်ထိန်းသွားမှာပါ” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ဆက်လက်၍လည်း ယခုကဲ့သို့ကြိုတင်ပြင်ဆင်ထားခြင်းများသည် ဗီယက်နမ်အပါအဝင် ဒေသတွင်း၌ ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုများကို ဟန့်တားရာ၌ ပိုမိုကောင်းမွန်စေသည့်အရာလည်းဖြစ်သည်ဟုပြောကြားခဲ့သည်။

image