8 w - Translate

နိုဝင်ဘာလ၂၁ရက်နိုင်ငံတကာသတင်းတိုများ

၁။ယူကရိန်းတွင်လတ်တ​လောပြုလုပ်​သောစစ် တမ်းအရယူကရိန်းနိုင်ငံ သား ၅၂% ရာနှုန်းက​စေ့စပ်ညှိနှိင်းဖြင့်စစ်ကိုအမြန်ဆုံးရပ်စဲရန်ဆန္ဒပြုခဲ့သည်။

၂။အစ္စ​ရေး​လေတပ်ကဆီးရီးယားနိုင်ငံသဲကန္တာရမြိုဖြစ်​သောပယ်လ်မီရာမြိုကိုဗုံးကြဲတိုက်ခိုက်ရာလူ၃၆ဦး​သေဆုံးသည်။

၃။​ဂါဇာ​မြောက်ပိုင်းကာမဲလ်အက်ဒ်ဝမ်ဆေးရုံကိုအစ္စ​ရေးကဗုံးကြဲရာက​လေးအများစုအပါအဝင်လူ၆၆ဦး​သေပြီး၁၀၀​​ကျော်ဒဏ်ရာရသည်။

၄။ကမ္ဘာ့​ဖျော်​ဖြေ​ရေးနပမ်းWWE၏ အမှု​ဆောင်အရာရှိချုပ်​ဟောင်းဘီလီယံနာသူ​ဌေးမ မက်မာမွန်ကို​ရွေး​ကောက်ခံသမ္မတထရမ့်ကပညာ​ရေးဝန်ကြီးအဖြစ်ခန့်အပ်လိုက်သည်။

၅။အ​မေရိကန်အမျိုးသားလုံခြုံ​ရေးအကြံ​ပေး​ဟောင်း၊အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမိုက်ကယ်ဖလိုင်းကတတိယကမ္ဘာစစ်မဖြစ်​စေရန်ဘိုဒင်ကိုသမ္မတသက်တမ်းမကုန်မီရာထူးမှဖယ်ရှားရန်အကြံပြုလိုက်သည်။

၆။ရုရှားကအီးယူနိုင်ငံများသိုနှစ်စဥ်သဘာဝဓါတ်​ငွေ့၆၀ဘီလီယံကုဗမီတာပို​နေ​သော​နော့စထရင်း​ရေ​အောက်ပိုက်လိုင်းကို၂၀၂၂က​ဖောက်ခွဲမှုကိုအ​မေရိကန်ဗဟို​ထောက်လှမ်း​ရေးCIA နှင့်ယူကရိန်း​ထောက်လှမ်း​ရေးတိုပူး​ပေါင်းလုပ်​ဆောင်ခဲ့​ကြောင်းဂျာမန်စပီဂျဲလ်မဂ္ဂဇင်းကထုတ်​ဖော်​ရေးသားလိုက်သည်။