သူကလည်း ခေသူတော့မဟုတ်ဘူးနော်
ဇနီးအတွက် သီချင်း တစ်ပုဒ် သီဆို ဖြန့်ချိလိုက်တဲ့ ဇူဇူ
==============================
ဇူဇူ ဟာ ဇနီးအတွက် သီချင်း တစ်ပုဒ် ဖန်တီးသီဆိုကာ Spotify မှာ ဖြန့်ချိလိုက်ပါတယ်။ အဲဒီ သီချင်းဟာ သူတို့ ဇနီးမောင်နှံအတွက် အမှတ်တရများစွာ ရှိပါတယ်။
ဇူဇူက “ ‘Get Low’ သီချင်းကို ဖွင့်ထားချိန်မှာ ပရက်စီလာနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်သူဘဝရောက်တဲ့အခါမှာ နှစ်ပတ်လည်နေ့ရောက်တိုင်း အဲဒီသီချင်းကို နားထောင်ကြပါတယ်။ ဒီနှစ်မှာ ကျွန်တော်ဟာ Tpain နဲ့ ပူးပေါင်းပြီး အဲဒီသီချင်းရဲ့ ကိုယ်ပိုင် ဗားရှင်းကို ဖန်တီးခဲ့ပြီး Spotify မှာ ဖြန့်ချိထားပါတယ်။ ပရက်စီလာ ရေ အရမ်းချစ်ပါတယ်။” လို့ အင်စတာဂရမ်မှာ ရေးသားထားပါတယ်။
အဲဒီပို့စ်မှာ သူနဲ့ ဇနီးရဲ့ ဓါတ်ပုံတွေ၊ သူနဲ့ Tpain တို့ စတူဒီယိုမှာ အဲဒီသီချင်းကို ဖန်တီးနေတဲ့ပုံတွေလည်း ပါပါတယ်။
ပရက်စီလာက “ ၂၁ နှစ်အကြာမှာ အဲဒီသီချင်းကြောင့် အမှတ်တရများစွာကို ပြန်လည် ရရှိစေပါတယ်။ အရမ်း ချစ်ဖို့ကောင်းပါတယ်။ “ လို့ ပြောပါတယ်။
Ref : theverge
Digital Times

