အိန္ဒိယဘီလျံနာသူဌေးကြီး ဂေါ့တမ်အဒါနီကို လာဘ်ထိုးမှု၊ လိမ်လည်မှုတို့နဲ့ အမေရိကန်မှာ တရားစွဲဆိုထား

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁

အိန္ဒိယနိုင်ငံက အဒါနီအုပ်စုဥက္ကဋ္ဌ ဘီလျံနာနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ သူဌေးကြီး ဂေါ့တမ်အဒါနီကို လာဘ်ထိုးမှု၊ လိမ်လည်မှုတို့နဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ တရားစွဲဆိုထားကြောင်း အမေရိကန်အစိုးရရှေ့နေတွေက နိုဝင်ဘာ ၂၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ကျောက်မီးသွေးလုပ်ငန်း၊ လေဆိပ်လုပ်ငန်းများ၊ ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်း လုပ်ငန်း ပေါင်းစုံပါဝင်တဲ့ အဒါနီအုပ်စုရဲ့ ဥက္ကဋ္ဌဟာ မကြာသေးခင်နှစ်များအတွင်း ကုမ္ပဏီနာမည်ပျက်စွပ်စွဲမှုတွေ၊ စ တော့ရှယ်ယာဈေးနှုန်းကျဆင်းမှုတွေကြောင့် တုန်လှုပ်ခဲ့ရပါတယ်။

ခန့်မှန်းအနှစ် ၂၀ အတွင်းမှာ ဒေါ်လာ ၂ ဘီလျံ အကျိုးအမြတ်ရနိုင်တယ်လို့ မျှော်မှန်းထားတဲ့ ဆိုလာစွမ်းအင် ထောက်ပံ့ရေးကန်ထရိုက်လုပ်ငန်းတွေ ရရှိဖို့အတွက် အိန္ဒိယအစိုးရအရာရှိတွေကို ဒေါ်လာ သန်း ၂၅၀ ကျော် လာဘ်ထိုးဖို့ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၄ ခုနှစ်ကြားကာလမှာသဘောတူညီခဲ့ကြတယ်ဆိုတဲ့စွဲချက်နဲ့ အဒါနီနဲ့ Adani Green Energy က အမှုဆောင်အရာရှိနှစ်ဦးဖြစ်တဲ့ ၎င်းရဲ့တူဖြစ်သူ ဆာဂါအဒါနီနဲ့ ဗီနက်ဂျင်တို့ကို အာ ဏာပိုင်တွေက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါစွမ်းအင်ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၄ ခုနှစ်ကြားကာလမှာ ချေးငွေနဲ့ ငွေချေးစာချုပ်တွေ ဒေါ်လာ ၃ ဘီလျံကျော် ချေးယူခဲ့သေးကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

အခုစွဲဆိုလိုက်တဲ့အမှုဟာ အမေရိကန်လာဘ်စားမှုတိုက်ဖျက်ရေးဥပဒေတစ်ခုဖြစ်တဲ့ နိုင်ငံခြားအကျင့်ပျက်ခြစား မှုတိုက်ဖျက်ရေးအက်ဥပဒကို ချိုးဖောက်မှုနဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

ကြာသပတေးနေ့အစောပိုင်းက စွဲချက်တွေကို ကြေညာလိုက်တဲ့အချိန်မှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ အဒါနီအုပ်စုက မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ဝါရှင်တန်မှာရှိတဲ့ အိန္ဒိယသံရုံးက မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခြင်းမရှိသလို စွပ်စွဲခံသူတွေဘက်က ရှေ့နေတွေကိုလည်း ဆက်သွယ်လို့မရသေးပါဘူး။

ဒေါ်လာ ၆၉.၈ ဘီလျံကြွယ်ဝချမ်းသာတဲ့ ဂေါ့တမ်အဒါနီဟာ ကမ္ဘာ့ ၂၂ ယောက်မြောက်အချမ်းသာဆုံး သူဌေး ကြီးဖြစ်ပြီး Reliance Industries ဥက္ကဋ္ဌ မူကက်ရှ်အမ်ဘာနီပြီးရင် အိန္ဒိယနိုင်ငံမှာ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။

တရားစွဲဆိုခံရတဲ့အထဲမှာ တခြားအိန္ဒိယနိုင်ငံသား ၇ ဦးနဲ့အတူ ပြင်သစ်-သြစတေးလျ နှစ်နိုင်ငံသားခံယူထားတဲ့ နိုင်ငံခြားသားတစ်ဦးလည်းပါဝင်ပါတယ်။

တရားသူကြီးတစ်ဦးက ဂေါ့တမ်အဒါနီနဲ့ ဆာဂါအဒါနီတို့ကို ဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်း တရားရုံးမှတ်တမ်းအရ သိရပြီး အစိုးရရှေ့နေတွေက အဲဒီဖမ်းဝရမ်းတွေကို သက်ဆိုင်ရာနိုင်ငံခြားတိုင်းပြည်တွေက တရားဥပဒေစိုးမိုး ရေးတာဝန်ရှိသူတွေကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။

Ref: Billionaire Gautam Adani of India's Adani Group charged in US with bribery, fraud

#centralnewsnaypyitaw

image