26 w - Translate

အိမ်ကွင်းနှစ်(၅၀)ပြည့် အထိမ်းအမှတ် အထူးအင်္ကျီဝတ်ဆင်မယ့် ဘိုရပ်ရှားဒေါ့မန်အသင်း

ဂျာမန်ကလပ် ဘိုရပ်ရှားဒေါ့မန်အသင်းသည် ယခုတစ်ပတ်ကစားမည့် အိမ်ကွင်းပွဲစဉ်တွင် အိမ်ကွင်းနှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် အထူးအင်္ကျီများ ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ဒေါ့မန်အသင်း၏ BVB ကွင်းမှာ (၁၉၇၁)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၇၄) ဧပြီလ(၂)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ ယခုအချိန်တွင် နှစ်(၅၀)ပြည့်ခဲ့ပြီဖြစ်သည်။သို့ဖြစ်ရာ လာမည့်ဧပြီ(၆)ရက်တွင် ကစားမည့် အိမ်ကွင်းပွဲစဉ် ဒေါ့မန်-စတုဂတ်ပွဲ၌ ပုံစံဒီဇိုင်းသစ်ချုပ်လုပ်ထားသည့်ဝတ်စုံများကို ဝတ်ဆင်သွားမည်ဖြစ်ကြောင်း အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။

image