ခွင့်မလွှတ်နိုင်တဲ့လူဆိုတာ ကျနော့်ဆီမှာမရှိဘူး
အပြုအမူလုပ်ရပ်တွေကြောင့် စိတ်နာတာ
စိတ်ပျက်တာမျိုးရှိခဲ့ရင်တောင်
ကျနော်ကခွင့်လွှတ်ပေးနိုင်တယ်
ဒါပေမယ့် ဆက်ဆံရေးတွေက
အရင်လိုမျိုးပြန်ဖြစ်လာမှာတော့မှာမဟုတ်တော့ဘူး
ထပ်မပတ်သက်ချင်တော့တာကလွဲရင်
ကျနော့်ဆီမှာ အဲ့လူနဲ့ပတ်သက်ပြီး
ဘာစိတ်ခံစားချက် အမှုန်အမွှားမှရှိတော့မှာ
မဟုတ်ဘူး
စိတ်ပျက်လွန်းလို့ မပတ်သက်ချင်တော့တာထက်
ကျနော့်အပေါ် ဒီလိုထပ်လုပ်ဦးမှာပဲဆိုတဲ့စိတ်နဲ့ကြောက်သွားလို့
ကိုယ့်ကိုယ်ကို အထိခိုက်နည်းအောင်
အဝေးကရှောင်ချင်ရုံပါပဲ ၊ တကယ်ကို
ဒီလောက်ပါပဲ ။
ထပ်လည်းမပတ်သက်ချင်တော့သလို
ကိုယ့်ကိုလည်းလာမပတ်သက်စေချင်ဘူး
💛🌼
#crd