2 d - Translate

'အရာအားလုံးနဲ့ လဲပြီးရွေးခဲ့တာမလား'
ဒီစာသားလေးကလေ ကြည်နူးစရာသိပ်ကိုကောင်းသလို
တစ်ဖက်ကလည်း သိပ်ကိုကြေကွဲစရာကောင်းပြန်တယ်
အရာအားလုံးနဲ့လဲပြီးမှ ခွဲခွာရတာမျိုး
အရာအားလုံးနဲ့လဲပြီးမှ ဆက်ပြီးသတ္တိမရှိတော့တာမျိုး
အရာအားလုံးနဲ့လဲပြီးမှ ပြောင်းလဲသွားတာမျိုးဆိုရင်
ဒီသံယောဇဉ်တွေအပေါ် အမြစ်တွယ်မိတဲ့သူဟာ
သိပ်ကို နာကျင်ရတယ်
ထပ်ပြီး ပြောရရင် အရာအားလုံးနဲ့ ကိုယ့်ကို
ပြန်လဲသွားတဲ့အခါမျိုးပေါ့။

image