ရုရှားလေကြောင်းရန်ကို စိုးရိမ်တဲ့အတွက် ယူကရိန်းရှိ အမေရိကန်သံရုံး ပိတ်ထား

နိုဝင်ဘာ ၂၁၊ နိုင်ငံတကာ

ရုရှားက လေကြောင်းက လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ အထူးသတင်းကြောင့် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ တော်မှာ ဖွင့်ထားတဲ့ အမေရိကန်သံရုံးကိုပိတ်ပစ်လိုက်ပြီးနောက် နိုဝင်ဘာ ၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ကိ ယက်ဗ်မြို့မှာ လေကြောင်းအချက်ပေးဥသြသံတွေ ထွက်ပေါ်လာပါတယ်။

ယူကရိန်းမှာရောက်ရှိနေကြတဲ့ အမေရိကန်နိုင်ငံသားတွေကိုလည်း ဘေးကင်းလုံခြုံရာမှာ ခိုလှုံရေး အသင့်ပြင် ဆင်ထားဖို့ အမေရိကန်သံရုံးက ပြောကြားထားပါတယ်။

ပြင်သစ်သံရုံးက ၎င်းနိုင်ငံသားတွေကို သတိပြုဖို့ တိုက်တွန်းထားပြီး သံရုံးဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပေမဲ့ အီတလီနဲ့ ဂရိသံရုံးတွေကတော့ ၎င်းတို့သံရုံးတွေကို ပိတ်ထားလိုက်ကြောင်း ပြောပါတယ်။

မကြာခင်အနားယူတော့မယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်နိုင်ဖို့အ တွက် အမေရိကန်ထုတ်တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းကို အသုံးပြုခွင့်ပေးလိုက်တဲ့အတွက် ရုရှားအစိုးရ က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အဲဒီလိုခွင့်ပြုလိုက်တာဟာ စစ်ပွဲအရှိန်ပိုမိုမြင့်တက်လာစေမှာဖြစ်တယ်လို့ ပြော ပါတယ်။

သမရိုးကျလက်နက်တွေအသုံးပြုပြီး တိုက်ခိုက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားသမ္မတဗလာဒီမာပူတင်က နျူ ကလီးယားတိုက်ခိုက်မှုအဆင့် စံနှုန်းသတ်မှတ်ချက်ကို နိုဝင်ဘာလ ၁၉ ရက်နေ့က လျှော့ချလိုက်ပါတယ်။

ယူကရိန်းက အမေရိကန်ထုတ် ATACMS ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းကို အင်္ဂါနေ့က ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး အဲဒီလိုတိုက်ခိုက်နိုင်ဖို့အတွက် ဂြိုဟ်တုသတင်းအချက်အလက်တွေ၊ ပစ်မှတ်ရှာဖွေမှုတွေနဲ့ လက်နက် ပစ်ခတ်ဖို့ တပ်ဖွဲ့ဝင်တွေကိုပါ အမေရိကန်ပြည်ထောင်စုက ကူညီခဲ့ကြောင်း ရုရှားအစိုးရက ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ စွပ်စွဲချက်တွေကို အမေရိကန်အစိုးရဘက်က ပြန်လည်ဖြေရှင်းတာမရှိဘဲ ရုရှားအစိုးရရဲ့ပြောနေ ကျ တာဝန်မဲ့ပြောဆိုချက်တွေအဖြစ် ပယ်ချခဲ့ပါတယ်။

အခုတိုက်ခိုက်မှုမှာ ယူကရိန်းနိုင်ငံကိုကူညီတဲ့ နေတိုးအဖွဲ့ဝင် ဘယ်နိုင်ငံကိုမဆို ရုရှားနိုင်ငံက အပြစ်ပေးသွား မှာဖြစ်ကြောင်း ရုရှားထောက်လှမ်းရေးအကြီးအကဲ ဆာဂျီနာ့ရှ်ကင်က နိုဝင်ဘာ ၂၀ ရက်နေ့ကပြောပါတယ်။

သမ္မတဘိုင်ဒန်ဟာ ယူကရိန်းနိုင်ငံအတွက် လူသတ်မိုင်းတွေ ထောက်ပံ့ဖို့ကိစ္စကိုလည်း ခွင့်ပြုလိုက်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အရှေ့ပိုင်းက ရုရှားမြေပြင်တပ်ဖွဲ့ဝင်တွေရဲ့ ချီတက်မှုကို ဟန့်တားနိုင်ဖို့အတွက် အခုလို လူသတ်မိုင်းတွေကို ပို့ ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

မတည်ငြိမ်တဲ့အမှတ်တစ်ခုမှာ ရောက်နေတဲ့ ယူကရိန်းစစ်ပွဲမှာ တင်းမာမှုတွေ မြင့်တက်လာပြီး ကမ္ဘာ့ထိပ်သီး နိုင်ငံကြီးတွေ ထိပ်တိုက်တွေ့ဆုံမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

ယူကရိန်းရဲ့ ပဉ္စမမြောက်နယ်မြေတစ်ခု ရုရှားလက်ထဲရောက်ရှိသွားသလို မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို လည်း ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ တပ်ဖြန့်ချထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရ အကြိုသမ္မတဒေါ်နယ်ထရမ့်တစ်ယောက် အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်လို့ ယူကရိန်းနိုင်ငံအတွက် အနောက်အုပ်စုရဲ့အကူအညီဟာလည်း မရေရာတဲ့အနေအထားမှာ ရှိနေပါ တယ်။

Ref: US shuts Kyiv embassy due to 'potential significant air attack'

#centralnewsnaypyitaw

image