လူ ၁၄ ယောက်ကို အဆိပ်ခတ်သတ်ခဲ့တဲ့ ထိုင်းအမျိုးသမီး သေဒဏ်ကျ
နိုဝင်ဘာ ၂၁
ထိုင်းနိုင်ငံမှာ ဆိုင်ယာနိုက်အဆိပ်နဲ့ လူ ၁၄ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ဆာရာရတ် ရန်ဆီဝူသာပွန်ဆိုတဲ့ အမျိုးသမီးကို တရားရုံးက သေဒဏ်အမိန့်ချမှတ်လိုက်ပါတယ်။
အသက် ၃၆ နှစ်အရွယ် သူမဟာ လူချမ်းသာ မိတ်ဆွေအမျိုးသမီးတယောက်ကို ယမန်နှစ်က ခရီးအတူသွားချိန်အတွင်း အစားအစာထဲမှာ အဆိပ်ခတ်သတ်တဲ့အမှုမှားလည်း အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီသေဆုံးမှုမှာ သေဆုံးသူရဲ့ မိသားစုက ဖြစ်စဉ်အပေါ် မသင်္ကာဖြစ်တာကြောင့် အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ရာမှာ ခန္ဓာကိုယ်မှာ ဆိုင်ရာနိုက်ဆိပ်တွေ တွေ့ရှိခဲ့တာနောက် သံသယနဲ့ သဲလွန်စတွေ တွေ့ရှိခဲ့တာပါ။
အဲဒီနောက် ဆာရာရတ် ရန်ဆီဝူသာပွန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာတော့ ၂၀၁၅ ခုနှစ်အတွင်းကလည်း အလားအဆိပ်ခတ်သတ်ဖြစ်မှုတွေကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး သူလုပ်ကြံခဲ့တဲ့သူတယောက်တော့ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
သူမဟာ လောင်းကစားစွဲလမ်းပြီး အကြွေးတွေတင်နေတာကြောင့် လူချမ်းသာသူငယ်ချင်းတွေကို ပစ်မှတ်ထားလေ့ရှိပြီး လက်ဝတ်ရတနာနဲ့ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို ကိုးကားပြီး ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ရဲအရာရှိဟောင်းနဲ့ ရှေ့နေတို့ကိုတော့ သက်သေအထောက်အထားတွေ ဖုံးကွယ်ဖျောက်ဖျက်ဖို့ ကူညီမှုနဲ့ ထောင် ၁၆ လ၊ နှစ်နှစ် အသီးသီးချမှတ်ခဲ့တယ်လို့သိရပါတယ်။
Ref:BBC
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး