နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်
နိုဝင်ဘာ ၂၁
နစကအစိုးရက ပြန်လည်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့် ပြုချက်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း (၅၀)ကျော်သည် မကြာမီတွင် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ယင်းအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ကာလအပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။
နိုင်ငံရေးပါတီများကြားမှာ ကျွန်တော်တို့ အွန်လိုင်း meeting လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။ နိုင်ငံရေးပါတီ (၅၀) ကျော်ပေါ့။ ဒီတန်ဆောင် တိုင်ပြီးသွားရင် လုပ်မှာပေါ့။ ဘယ်ရက်လောက် လုပ်မယ် ဆိုတာကိုတော့ အားလုံးကို တင်ပြရဦးမယ်။ သူတို့ရဲ့သဘောတူညီချက်လေးတွေကိုယူပြီးတော့ လုပ်မှာပေါ့။ ဒီလထဲမှာတော့ ဖြစ်ဖို့များပါတယ် ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌဦးရန်နိုင်ဝင်းက ပြောပါတယ်။
Credit - MMG News
#သတင်းဟင်းလေးအိုးကြီး