အကျဉ်း ကျခံနေရတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားဆက်သွယ်ရေး ဝန်ကြီး (ဟောင်း) မန္တလေး ဆေးရုံမှာ ဆေးကုသခွင့်ရရှိ
နိုဝင်ဘာ ၂၁
မန္တလေး (အိုဘို)အကျဉ်းထောင်မှာ အကျဉ်း ကျခံနေရတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား ဆက်သွယ်ရေး ဝန်ကြီး (ဟောင်း) ဦးသောင်းထွန်းကို မန္တလေးဆေးရုံသို့ ပို့ဆောင် ဆေးကုသခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
ဦးသောင်းထွန်းဟာ အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ် (၉)နှစ်ချမှတ်ခံထားရတာပဲဖြစ်ပါတယ်။
နှလုံးသွေးကြောကျဥ်း (နှလုံးခုန်နှေး) ရောဂါဖြစ်နေတဲ့အတွက် နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လည်ပိုင်းက အိုးဘို အကျဉ်းထောင်ကနေ မော်တော်ယာဉ်နဲ့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်ဆေးကုသမှု ခွင့်ပြုခဲ့တာလို့ သိရပါတယ်။
ဆေးရုံကြီးရဲ့ (၆)ထက်ဆောင်မှာရှိတဲ့ အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ၊ နှလုံးရောဂါ အထူးကုဌာနမှ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေတယ်လို့လည်း သိရပါတယ်။
#centralnewsnaypyitaw