ဘူတန်နိုင်ငံသာသနာပြုခရီးစဥ်မှ ပြန်လည်ကြွရောက်တော်မူလာခဲ့သည့် မိုင်းဖုန်းဆရာတော်ကြီး
ဘူတန်နိုင်ငံသို့ (၄)လကျော်ကြာသာသနာပြုခရီးစဥ်ကြွရောက်တော်မူခဲ့သည့် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ နိုဝင်ဘာ ၂၀ ရက်က တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာရှိ မိုင်းဖုန်းစံ ကျောင်းတော်သို့ ပြန်လည်ကြွရောက်တော်မူလာခဲ့သည်။
မိုင်းဖုန်းဆရာတော်ကြီးသည် ဘူတန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ကြွရောက်တော်မူခဲ့ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ တာချီလိတ်-မယ်ဆိုင် အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် တာချီလိတ်မြို့သို့ပြန်လည်ကြွရောက်တော်မူလာခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့သို့ပြန်လည်ကြွရောက်တော်မူလာချိန်တွင် တာချီလိတ်ရွှေတိဂုံဘုရားအားဖူးမြှော်ပြီးနောက် ညနေပိုင်းတွင်ကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်၏ လွမ်းစေတီတည် ထားကိုးကွယ်ရန် ပန္နက်ချမင်္ဂလာအခမ်းအနားသို့ကြွရောက်၍ ရေစက်ချတရားဟောကြားတော်မူခြင်း၊ မေတ္တာပို့သခြင်း၊ အမျှပေးဝေခြင်းများကိုပြုလုပ်ပေးတော်မူခဲ့သည်။