ချောက်မြို့တွင် ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

နိုဝင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပခန်းငယ်(ပုဂံငယ်) ကျေးရွာ၊ သေခဲလှဘုရားအနီးတွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးကိုလူနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၉)ရက် ညနေ (၄)နာရီ (၂၅)မိနစ်အချိန်က ချောက်မြို့နယ်၊ ထန်းပင်ချောင်းကျေးရွာတွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးနိုင်ဝင်းအောင်သည် ၎င်းပိုင် Honda 110 အဖြူရောင် ဆိုင်ကယ်ဖြင့် စလေဘက်မှ ထန်းပင်ချောင်းကျေးရွာသို့ စလေ-ပခန်းငယ်-ကျောက်ရဲ ကားလမ်းအတိုင်း ပြန်လာခဲ့သည်။

ယင်းသို့ ပြန်လာစဉ် ပခန်းငယ်ကျေးရွာ သေခဲလှဘုရားအနီးအရောက်တွင် PDF အဖွဲ့ဝင် နှစ်ဦးမှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးနိုင်ဝင်းအောင်၏ ဝဲဘက်ရင်အုံမှ ဖောက်ထွက်ပြီး ဝဲဘက်ချိုင်းသို့ ဖောက်ထွက် ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် ဦးနိုင်ဝင်းအောင်သည် အခင်းဖြစ်ပွါးသည့်နေရာမှ ထွက်ပြေးလာပြီး ပခန်းငယ်ကျေးရွာ ရွှေသာမောင်းဘုရားအနီးရှိ ကန္တာရခြုံအတွင်းပုန်းခိုကာ ချောက်မြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးအား ဖုန်းဆက်ကာ အကူအညီတောင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ အကူအညီတောင်းသဖြင့် ညနေ (၇)နာရီခွဲအချိန်ခန့်တွင် ဦးနိုင်ဝင်းအောင်အား လုံခြုံရေး တပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များမှ သွားရောက်ခေါ်ဆောင်ကာ စလေမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image