အဲရစ်ဆန်ကို ယူနိုက်တက် ထွက်ခွာခွင့်ပေးဖွယ်ရှိ

နိုဝင်ဘာ ၂၀

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆန်ရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ မစဉ်းစားဘဲ ရာသီကုန်ချိန်မှာ ထွက်ခွာခွင့် ပေးဖွယ်ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နွေရာသီက ၃ နှစ်စာချုပ်နဲ့ ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့တဲ့ အဲရစ်ဆန်ရဲ့စာချုပ်ဟာ ၂၀၂၅ ခုနှစ် နွေရာသီကျရင် ကုန်ဆုံးပြီဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ အဲရစ်ဆန်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ယူနိုက်တက်အသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့သလို ဒီရာသီမှာလည်း ပါဝင်ကစားတဲ့ ပွဲတိုင်းနီးပါး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

အဲရစ်ဆန်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးထားတာပါ။

နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ယူနိုက်တက်အသင်းဟာ အဲရစ်ဆန်ကို စာချုပ်ကုန်ဆုံးချိန်မှာ အလွတ်နဲ့ ထွက်ခွာဖို့ မျှော်လင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းနဲ့ အဲရစ်ဆန်တို့ဟာ စာချုပ်သစ်အတွက် အခုအချိန်ထိ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရခြင်း မရှိသေးသလို နည်းပြသစ် အာမိုရင်ကလည်း သူ့ကို ရေရှည်အတွက် စဉ်းစားဖွယ်မရှိတာပါ။

အဲဒါကြောင့် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အဲရစ်ဆန်ဟာ ဒိန်းမတ်အသင်းမှာ ပုံမှန်ကစားခွင့် ရရှိနေတာကြောင့် ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရင် ပုံမှန်ကစားခွင့် ရရှိနိုင်မယ့် အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

အဲရစ်ဆန်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီက တူရကီကလပ်တွေ အပါအဝင် အသင်းအချို့က စိတ်ဝင်စားခဲ့ပေမယ့် သူကတော့ ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။

အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းအတွက် ၈၅ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ FA ဖလား ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲရစ်ဆန် အနေနဲ့ နည်းပြသစ် အာမိုရင်ရဲ့ လက်အောက်မှာ ပွဲထွက်လူစာရင်း ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပုံ - အဲရစ်ဆန်ကို တွေ့ရစဉ်

#centralnewsmyanmar

image