2 d - Translate

ဟားခါးတွင် ရေခဲအမှတ်နားနီးလာပြီး ပုံမှန်ထက်အေးလာသည့်မြို့(၄)မြို့ရှိနေ

ချင်းပြည်နယ်၊ဟားခါးမြို့၌ နေ့အပူချိန်များကျဆင်းလာပြီး ရေခဲအမှတ်နားနီးလာကာ (၁.၀) ဒီဂရီဆဲလ်စီးယပ်သာရှိခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိုးဇလ၏ ထုတ်ပြန်ချက်တွင် ထူးခြားသည့် ညအပူချိန်များ၌ ဟားခါးမြို့၌ (၁.၀)ဒီဂရီဆဲလ်စီးယပ်၊ တီးတိန် မြို့၌(၆.၅) ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့၌(၁၀.၀) ဒီဂရီဆဲလ်စီးယပ်၊ မြစ်ကြီးနားမြို့မှာ (၁၁.၆) ဒီဂရီဆဲလ်စီးယပ်နှင့် ပြင်ဦးလွင်မြို့မှာ(၁၂.၂)ဒီဂရီဆဲလ်စီးယပ်တို့ ရှိခဲ့ခြင်း ဖြစ်သည်။

နေ့အပူချိန်ကျဆင်းသည့် ဒေသများအပြင် မိုးရွာသွန်းသည့်ဒေသများလည်းရှိနေပြီးနောက်(၂) ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

image