ရန်ကုန်တွင် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သားကို (၂၅၀၀၀)ကျပ်ဖြင့် ဖုန်းဆက်မှာယူနိုင်
ရန်ကုန်တိုင်းဒေသကြီးတွင် စားအုန်းဆီ(၂)ပိဿာ(၇၅)ကျပ်သားကို (၂၅၀၀၀)ကျပ်ဖြင့် ဖုန်းဆက်မှာယူနိုင်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ထိုသို့ မှာယူနိုင်သော မြို့နယ်များအနက် တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်၊ သန်လျင်၊ သုံးခွ၊ ကျောက်တန်း၊ခရမ်း၊တွံ့တေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များမှ မှာယူမည်ဆိုပါက စားအုန်းဆီ(၂)ပိဿာ(၇၅) ကျပ်သားကို (၂၅၅၀၀)ကျပ်ဖြင့် ဖုန်းနံပါတ် ၀၁၄၇ ၀၅၅၆၆ သို့ ဖုန်းဆက်မှာယူနိုင်ကြောင်း သိရသည်။
ကျန်သည့် မြို့နယ်များအတွက်မူ စားအုန်းဆီ(၂)ပိဿာ(၇၅) ကျပ်သားကို (၂၅၀၀၀)ကျပ်နှုန်းဖြင့် ဖုန်းနံပါတ် ၀၉၄၇၀၆၇ ၂၂ သို့ ဆက်သွယ်မှာယူနိုင်ကြောင်းလည်း သိရသည်။
လက်ရှိတွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ (၇၀၀၀) အထိ မြင့်တက်လာနေသည်။