၂၀၂၆ ကမ္ဘာ့ဖလားက နောက်ဆုံးကစားမည့်ပြိုင်ပွဲမဟုတ်ဟု တိုက်စစ်မှူး ဟယ်ရီကိန်းပြော
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးပါဝင်ကစားမယ့် ပြိုင်ပွဲမဟုတ်ကြောင်း အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောသွားပါတယ်။
အသက် ၃၁ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင် ကိန်းအနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ အသက် ၃၃ နှစ် ရှိမှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားက နောက်ဆုံးအခွင့်အရေးဖြစ်မလားဆိုတဲ့မေးခွန်းအပေါ် ပြန်လည် ဖြေကြားခဲ့တာပါ။
ကစားသမားတယောက်အနေနဲ့ အသက် ၃၀ ကျော်လွန်လာချိန်မှာ ထိပ်တန်းအဆင့်မှာ ဆက်ကစားနိုင်ဖို ရာခိုင်နှုန်းနည်းပါးနိုင်ပေမဲ့ မိမိဟာ အဆင့်မြင့်ဆုံးပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်း ပြသနေဆဲဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားက နောက်ဆုံး ကစားမယ့် ကမ္ဘာ့ဖလားမဟုတ်ကြောင်း ဟယ်ရီကိန်းကပြောပါတယ်။
ဟယ်ရီကိန်းဟာ အင်္ဂလန်အတွက် စုစုပေါင်း ၆၉ ဂိုး သွင်းယူထားပြီး သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်သစ်တင်ထားပါတယ်။
DVB
Photo: Reuters