ကိုရီးယားလူမျိုးများကို ဝေဖန်ခဲ့သည့် စပါးကွင်းလယ်လူ ဘန်တန်ကာ ၇ ပွဲပယ် ပြစ်ဒဏ်ချခံရ
ကိုရီးယားလူမျိုးတွေရဲ့ ရုပ်ရည်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ မှတ်ချက်ပေးခဲ့တဲ့ စပါးကွင်းလယ်လူ ဘန်တန်ကာဟာ အက်ဖ်အေရဲ့ ၇ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ဥရုဂွေးကွင်းလယ်လူဟာ ကိုရီးယားလူမျိုးတွေရဲ့ ရုပ်ရည်သွင်ပြင်ဟာ အနည်းနဲ့ အများ အတူတူဖြစ်တယ်လို့ ဥရုဂွေးရုပ်သံတခုနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောခဲ့တာပါ။
တောင်ကိုရီးယားကစားသမားတယောက်ရဲ့ ဂျာစီကို ရယူပေးဖို့ ဂျာနယ်လစ်တယောက်က တောင်းဆိုရာမှာ ကိုရီးယား ကစားသမားအားလုံးက ဆွန်နီရဲ့ ဝမ်းကွဲညီအစ်ကိုတွေလိုမျိုးပဲ ရုပ်ရည်က အားလုံးအတူတူဖြစ်ကြောင်း ဟာသလုပ်ပြီး ပြန်လည်ပြောဆိုခဲ့တာပါ။
အဲဒီမှတ်ချက်ဟာ အက်ဖ်အေရဲ့ လူမျိုးရေးခွဲခြားမှုဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ၇ ပွဲပယ်ချမှတ်ခဲ့ပြီး ဒဏ်ကြေးပေါင် တသိန်း ချမှတ်ခံခဲ့ရတာပါ။
ဘန်တန်ကာအနေနဲ့ ပြည်တွင်းပွဲတွေကိုသာ ပွဲပယ်ခံရမှာဖြစ်လို့ စပါးအသင်းရဲ့ ဥရောပပွဲစဉ်တွေမှာ ပြန်လည်ကစားနိုင်မှာဖြစ်ပါတယ်။
DVB