သန်လျင်မြို့နယ်၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်မီးလောင်မှုဖြစ်ပွားခဲ့
နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ အမှတ် ၂ လမ်းမကြီး၊ ကုလားဝဲတံတား အဆင်းတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင် အချိန်က ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားနေရာကို တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60 ယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60 ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃)စီးတို့ဖြင့် မီးငြှိမ်းသတ်သော်လည်း မီးများသည့်အတွက် Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၄ နာရီ ၁၈ အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်၊၊
Credit - NV Media
#သတင်းဟင်းလေးအိုးကြီး

