(၇) ရက် သား/သမီး အဟောများ...
တနင်္ဂနွေသား/သမီး
လုပ်ငန်းတွင် အယှဥ် အပြိုင် အတိုက်အခံများစွာကြုံရသော်လည်း၊အောင်မြင်တိုးတက်မှုရရှိမည်။ငွေကြေးပိုင်းတွင် ရစရာအချို့ ထစ်ငေါ့ကြံ့ကြာမှုကြုံမည်။ကျန်းမာရေး ကောင်းမွန်နေ ပါမည်။အာရုံကြောပြဿနာ ပေါ်တတ်သော်လည်း မပြင်းထန်တတ်ပါ။အချစ်ရေးတွင်ပေါင်းသင်းဆက်ဆံရေးကြောင့် ချစ်သူ၏ အထင်လွဲမှု ခံရတတ်၍သတိပြုပါ။အိမ်ထောင်ရေး အဆင်မပြေမှုများရှိနေတတ်သည်။အိမ်ထောင်ဖက်ပေါ် စကားမမှားရန် သတိပြုပါ။ပညာရေး ကြိုးစားသလောက် ခရီးမပေါက်ဖြစ်နေတတ်မည်။
ယတြယာ... မွေးနေ့နံနက်ပိုင်းတွင်စေတီတစ်ဆူ၏ တနင်္ဂနွေထောင့်တွင် အုန်း(၆) ညွန့် လှူပေးပါ။
-----
တနင်္လာ သား/သမီး
လုပ်ငန်း/ငွေကြေးပိုင်းအကြပ်အတည်းအချို့ကြုံရတတ်မည်။ငွေကြေးလည်ပတ်မှုတွင် အထစ်အငေါ့ကြုံနေရတတ်မည်။ကျန်းမာရေးအစာအိမ်၊အသည်း ရောဂါထဲမှ သတိပြုပါ။အချစ်ရေး ကံ ကောင်းမွန်၍ အဆင်ပြေနေပါမည်။အိမ်ထောင်ရေး ပြဿနာအထူးမရှိပါ။ပညာရေးကံ ကြိုးစားသလောက်အောင်မြင်မှုရမည်။စာသင်ယူလေ့လာမှုပေါ်စိတ်အာရုံမစိုက်နိုင်ခြင်းမျိုး ကြုံရတတ်ခြင်းမျိုးသတိပြုပါ။
ယတြာ-- စေတီတစ်ဆူ၏ တနင်္လာထောင့်တွင် မွန်းလွဲပိုင်း၌ ကံ့ကော်(၁၅) ညွန့်လှူပေးပါ။
----
အင်္ဂါ သား/သမီး
လုပ်ငန်း၊ငွေကြေးပိုင်းတိုးတက်အောင်မြင်မှုကြုံမည်။အလုပ်ရှုပ်လွန်း၍လူပင်ပန်း၊စိတိအင်ပန်းခြင်း ကြုံနေရတတ်မည်။
ကျန်းမာရေး သင့်တင့်စွာကောင်းမွန်နေမည်။အချစ်ရေး ပြဿနာမရှိသော်လည်း တစ်ယောက် တစ်နေရာစီ ရောက်နေရတတ်မည်။အိမ်ထောင်ရေးကံ အညံ့ဘက်ရှိ၍ အိမ်ထောင်ဘက် အိမ်မှထွက်သွားတတ်၍ သတိပြုပါ။ပညာရေးအဆင်ပြေနေမည်။ကြိုးစားချင်စိတ် ပျောက်နေတတ်၍ သတိပြုကြိုးစားပေးပါ။
ယတြာ--- မွေးနေ့ နံနက် ၁၁-နာရီကျော်တွင် စေတီတစိဆူ၏ အင်္ဂါထောင့်၌ဆီး(၃) ညွန့် နှင့် ရွက်လှ(၄) ညွန့် တွဲ၍ လှူပေးပါ။
---
ဗုဒ္ဓဟူး သား/သမီး
လုပ်ငန်းပိုင်း အောင်မြင်မှုရနေတတ်သော်လည်း၊ငွေကြေးပိုင်း အဆင်မပြေမှု အချို့ ကြုံနေရတတ်မည်။ကျန်းမာရေး အညံ့ရှိ၍ အရေပြားရောဂါ၊ဆီးရောဂါ၊အမျိုးသမီးများသွေးသားဆိြင်ရာ ရောဂါများထဲမှ ခံစားရတတ်မည်။အချစ်ရေး အဆင်မပြေ လမ်းခွဲရသည်ထိ ဖြစ်တတ်ခြင်းသတိပြုပါ။အိမ်ထောင်ရေး ကံ ကောင်းမွန်၍ အဆင်ပြေသာယာနေမည်။ပညာရေး
အထူးအောင်မြင်မှုရနေမည်။
ယတြာ-- စေတီတစ်ဆူ၏ မွေးနံထောင့်တွင် ဗုဒ္ဓဟူးနေ့မွနမလွဲမီ ရေသန့် (၄)ဗူးအဖုံးဖွင့်၍ ကပ်လှူပေးပါ။
----
ကြာသပတေးသား/သမီး
လုပ်ငန်း သင့်တင့်စွာအောင်မြင်နေသော်လည်းမိတ်ဖက်အချို့ကြောင့်ပြဿနာ အခက်အခဲ ပေါ်ပေါက်ဖြေရှင်းရတတ်မည်။မိတ်ဆွေဒုက္ခပေးမှုကြောင့် ငွေကြေးနစ်နာဆုံးရှုံးခြင်းမျိုး ကြုံရတတ်မည်။ကျန်းမာရေးတွင် ခေါင်းကိုက်၊ခေါင်းမူးခြင်း ၊အာရုံကြောရောဂါ သတိပြုရပါမည်။အချစ်ရေး အဆင်ပြေနေပါမည်။အိမ်ထောင်ရေးပြဿနာ အထူးမရှိပါ။ပညာရေး ကံညံ့တတ်၍အထူးကြိုးစားရန် လိုပါမည်။
ယတြာ-- မွေးနေ့ မွန်းလွဲပိုင်းတွင်ဘုရား ကြာသပတေးထောင့်၌ စပယ်ပန်း(၅)ကုံး ကပ်လှူပေးပါ။
---
သောကြာသား/သမီး
လုပ်ငန်း အဆင်မပြေဖြစ်နေတတ်သော်လည်းမိတ်ဆွေကောင်းအချို့ အကူအညီဖြင့် ဆက်လက်လုပ်ကိုင် အဆင်ပြေလာတတ်ပါမည်။ငွေကြေးကံ ကောင်းနေ၍ ငွေကြေး ထောက်ပံ့မှု အတိုင်းအတာတစ်ခုထိ ရရှိတတ်ပါမည်။ကျန်းမာရေး ကောင်းမွန်နေပါမည်။အချစ်ရေးပြဿနာအထူးမရှိပါ။ချစ်သူနှင့် အသေးအဖွဲစကားများခြင်းမျိုး ကြုံရတတ်ပါမည်။အိမ်ထောင်ရေး အဆင်ပြေသာယာနေမည်။မိသားစု အပန်းဖြေခရီး သွားဖြစ်တတ်မည်။ပညာရေး ကံအထူးညံတတ်၍ ဂရုစိုက် ကြိုးစားရန် လိုပါမည်။
-----
စနေသား/သမီး
လုပ်ငန်း အဆင်ပြေနေသော်လည်း တိုးတက်မှု နှေးကွေးနေတတ်မည်။ငွေကြေးပိုင်း အဆင်ပြေစွာ လည်ပတ်နေနိုင်မည်။မထင်မှတ်ထားသော ငွေလုံးငွေရင်းမျိုး ဝင်လညတတ်ပါမည်။ကျန်းမာရေး ကောင်းမွန်နေမည်။ချစ်သူနှင့် ဆက်ဆံရေးတွင် အထစ်အငေါ့ မပြေလည်မှု ကြုံရတတ်ပါမည်အိမ်ထောင်ရေး အဆင်ပြေနေမည်။ပညာရေး ကံကောင်းမွန်၍ အောင်မြင်မှု
ကောင်းစွာ ရရှိပေမည်။
ယတြာ-- မွေးနေ့ နံနက်ပိုင်းတွင်ဘုရား စနေထောင့်တွင်အလင်းတိုင် (၁၀) တိုင်ထွန်းညှိပူဇော်ပေးပါ။
ဆရာဝင်းမင်း(B.Sc)