YBS 18 ယာဉ်လိုင်းကို စီးတီးဘတ်စ်ယာဉ်ကြီးဖြင့် နိုဝင်ဘာ တတိယအပတ်တွင် စတင်ပြေးဆွဲမည်

နိုဝင်ဘာ ၁၉

မင်္ဂလာဒုံမြို့နယ် လှော်ကားလမ်းခွဲ(ဂိတ်ရင်း)-ယဉ်ကျေးမှုတက္ကသိုလ်(ဂိတ်ဖျား) ပြေးဆွဲနေသည့် YBS 18 ခရီးသည်တင်ယာဉ်လိုင်းကို စီးတီးဘတ်စ်ယာဉ်ကြီးများ အသုံးပြု၍ နိုဝင်ဘာ ၂၇ ရက်မှ စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

အဆိုပါယာဉ်လိုင်းသည် ယခင်က မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲခဲ့သော်လည်း နောက်ပိုင်းတွင် ယာဉ်လိုင်းနံပါတ်သာရှိပြီး ယာဉ်ပြေးဆွဲမှုမရှိတော့သဖြင့် ၎င်းယာဉ်လိုင်းကို အသုံးပြုနေသော ခရီးသည်များ၏ အခက်အခဲပြေလည်စေရန်အတွက် ယာဉ်လိုင်းကုမ္ပဏီများနှင့် YRTC မှ တာဝန်ရှိသူများက ညှိနှိုင်းကြပြီး ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ စီးတီးဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စီးတီးဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲပေးမည့် ခရီးစဉ်လမ်းကြောင်းမှာ မင်္ဂလာဒုံမြို့(ဂိတ်ရင်း) လှော်ကားလမ်းခွဲ - ထောက်ကြံ့လမ်းဆုံ - ဝါယာလက် - မင်္ဂလာဒုံစျေး- ခရေပင်လမ်းခွဲ- အမှတ်(၃)လမ်းဆုံ - အောင်မင်္ဂလာ (အဝေးပြေး)- (၆)ကွေ့ -သုဓမ္မာလမ်း - မြေက်ဥက္ကလာပအဝိုင်း-ဘေလီ - စံပြဈေး - တောင်မြောက်လမ်းဆုံ- ယဉ်ကျေးမှုတက္ကသိုလ်- (ဂိတ်ဖျား)တို့ဖြစ်ကြောင်း သိရသည်။

Credit - MHT News
#သတင်းဟင်းလေးအိုးကြီး

image