ခရီးသည်တင်ယာဉ် (၃)စီးနဲ့အတူ ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်း၊ မြောက်ဉက္ကလာပမြို့နယ်ထဲက သီရိရတနာ ကားဝင်းမှာ ခရီးသည်တင်ယာဉ် (၁)စီးကို သတင်းများအရ ရှာဖွေစစ်ဆေးရာ စားသောက်ကုန်များအတွင်း သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ် ‌ဆေးပြား ၁၃ ဒသမ ၁ သိန်းကို နိုဝင်ဘာ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ နစက ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့မူးယစ်ဆေး၀ါတွေဟာ ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံရှိပြီး ခရီးသည်တင်ယာဉ်မောင်း၊ ယာဉ်အကူနဲ့ ယာဉ်နောက်လိုက် တို့နဲ့ ခရီးသည်တင်ယာဉ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပိုင်ရှင်ဖြစ်တဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြိုနယ်၊ လိပ်ကုန်းကျေးရွာနေ အောင်ခိုင်ထူးနဲ့ ဇနီး မမိုးစံပယ်တို့ အစီအမံနဲ့ တောင်ကြီးကနေ ရန်ကုန်သို့ မူးယစ် ‌ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်နေတာလို့ ဆိုပါတယ်။

မူးယစ်‌ဆေးဝါး ရောင်းဝယ်ရာကနေ ရရှိတဲ့ အကျိုးအမြတ်နဲ့ ဝယ်ယူထားတဲ့ KING LONG အမျိုးအစားနဲ့ HIGER အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ် (၂) စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးဖော်ထုတ်နေပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှာ ရရှိတဲ့ ငွေကြေး အကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားနိုင်ဖို့ ‌လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

Credit - MCNA

#သတင်းဟင်းလေးအိုးကြီး

image