ရုရှားအတွင်းပိုင်းကို တိုက်ခိုက်ဖို့ အမေရိကန်တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးလိုက်တာဟာ တတိယ ကမ္ဘာစစ် ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ထရမ့်မဟာမိတ်တွေ ပြော

နိုဝင်ဘာ ၁၉

ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ဖို့အတွက် သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်ထုတ်လက်နက်တွေကို ယူက ရိန်းကို အသုံးပြုခွင့်ပေးလိုက်တာဟာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ရွေးကောက်ခံအကြို သမ္မတဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ်တွေက ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံဟာ လက်ရှိအချိန်မှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀,၀၀၀ အပါအဝင် ရုရှားတပ်ဖွဲ့ဝင် ၅၀,၀၀၀ စုဖွဲ့ထားတဲ့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသထဲက စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ပြီဖြစ်ကြောင်း အမေရိကန် ထိပ်တန်းအရာရှိတွေက Fox News ကို ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ အခုနှစ် အစောပိုင်းက ရုရှားပိုင်နယ်မြေတချို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ထိန်းချုပ် ထားပါတယ်။

“ဒါက နောက်ထပ် တင်းမာမှုမြင့်တက်လာအောင် အဆင့်မြှင့်လိုက်တာပါပဲ။ ဘယ်နေရာကနေ စဖြစ်လာမလဲဆို တာကတော့ ဘယ်သူမှ မသိပါဘူး။” လို့ ထရမ့်က အမျိုးသားလုံခြုံရေးအကြံပေးအရာရှိခန့်အပ်ဖို့ လျာထားတဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်မိုက်ကယ်လ်ဝါ့ဇ်က ပြောပါတယ်။

“အကူးအပြောင်းကာလမှာ ဂျိုးဘိုင်ဒန်က ယူကရိန်းမှာ စစ်ရှိန်မြှင့်တင်ထားခဲ့လိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မ ထားပါဘူး။ ဒီလုပ်ရပ်က သူက စစ်ပွဲအသစ်တစ်ခုကို ဖန်တီးလိုက်သလိုပါပဲ။” လို့ ထရမ့်ရဲ့ အမျိုးသားထောက် လှမ်းရေးဌာနခေတ္တညွှန်ကြားရေးမှူး ရစ်ဂရိန်းနဲလ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“အခုတော့ အားလုံး ပြောင်းလဲကုန်ပါပြီ။ အရင်က တွက်ချင်ထားသမျှအကုန်လုံး ပျက်ပြယ်သွားပါပြီ။ နိုင်ငံရေး အတွက် အကုန်လုပ်တော့တာပါပဲ။” လို့ ၎င်းက ပြောပါတယ်။

“ကျွန်တော့်အဖေက ငြိမ်းချမ်းရေးဆောင်ကျဉ်းပြီး လူတွေရဲ့အသက်ပေါင်းများစွာ ကယ်တင်ဖို့ အခွင့်အရေးမရ ခင်မှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကွန်ရက်ကြီးက တတိယကမ္ဘာဖြစ်လာအောင် လုပ်ချင်နေပုံရပါတယ်။ အဲဒီဒေါ်လာ ၃ ထရီလီယန်ကို ကန့်သတ်ထားရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲအကျိုးရလဒ်တွေကို ဂရုမစိုက် ကြဘူး။ အတော်မိုက်မဲတဲ့ပုဂ္ဂိုလ်ပါပဲ။” လို့ ထရမ့်ရဲ့သား ဒေါ်နယ်ထရမ့်ဂျူုနီယာက X မှာရေးသားထားပါတယ်။

“သမ္မတရုံးကနေ ဆင်းခါနီးလေးမှာ ရုရှားနိုင်ငံထဲက တာဝေးပစ်လက်နက်တွေပစ်ခတ်ဖို့ ယူကရိန်းကို အသုံးပြု ခွင့်ပေးပြီး တတိယကမ္ဘာစစ်ဖြစ်လာအောင် ဂျိုးဘိုင်ဒန်ဟာ အလွန်အန္တရာယ်ကြီးစွာ ဖန်တီးနေပါတယ်။” လို့ ဂျော်ဂျီယာပြည်နယ် ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် မာဂျရီးတေလာဂရိန်းကလည်း X မှာ ရေးသား ခဲ့ပါတယ်။

“အဲဒီ အမေရိကန်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်တွေကို ကန့်ကွက်ဆန့်ကျင်ဖို့ အမေရိကန်ပြည်သူတွေက နိုဝင်ဘာ လ ၅ ရက်နေ့မှာ လုပ်ပိုင်ခွင့် ပေးခဲ့ပြီးပါပြီ။” လို့ ၎င်းက ပြောပါတယ်။

တာဝေးပစ်လက်နက်တွေအသုံးပြုခွင့်ပေးတာနဲ့ပတ်သက်ပြီး ဘာမှပြောကြားခြင်းမရှိပေမဲ့ အိမ်ဖြူတော်က ဘာ့ ကြောင့် အခုလိုဆုံးဖြတ်ချက်ချရသလဲဆိုတာကို စဉ်းစားရာမှာ မြောက်ကိုရီးယားတပ်တွေ ရုရှားကိုရောက်ရှိလာ ပြီး စစ်ပွဲမှာပါဝင်ပတ်သက်လာတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေးအရာရှိ ဂျွန်ဖိုင်းနားက နိုဝင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။

“စစ်မြေပြင်မှာ တွေ့ရှိရတဲ့ အခြေအနေတွေပေါ်အခြေခံပြီး မူဝါဒဆုံးဖြတ်ချက်တွေကို ဆောင်ရွက်သွားမှာဖြစ် တယ်ဆိုတာ စစ်ပွဲကာလတစ်လျှောက် အမေရိကန်ပြည်ထောင်စုက ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောကြားလာခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအခြေအနေတွေထဲမှာ မကြာသေးခင်ကာလက ရုရှားတွေဟာ စစ်ရှိန်မြင့် တက်လာအောင်လုပ်နေသလို နိုင်ငံခြားတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားလာတာကိုလည်း ထည့်သွင်းစဉ်းစား ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

Ref: Trump allies warn Biden risking 'World War III' by authorizing long-range missiles for Ukraine: Fox News

#centralnewsnaypyitaw

image