8 w - Translate

ဘဝမှာ အရမ်းခက်ခဲလာတဲ့အခါ
၁။ လမ်းလျှောက်ပါ
လမ်းလျှောက်ခြင်းက စိတ်ကိုကြည်လင်စေတယ်။
၂။ အနားယူပါ
ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့အတွက် တစ်နေ့တာ အနားယူလိုက်ပါ ။
၃။ ရက်ရောပါ
သူစိမ်းတစ်ယောက်ကို တစ်ခုခုပေးပါ ။ ပေးကမ်းခြင်းတွေဟာ မိမိရဲ့ စိတ်အတွင်းပိုင်းထဲထိ နွေးထွေးစေပါတယ် ။
၄။ တစ်ယောက်တည်း အထီးကျန်တာတွေ မဖြစ်အောင် ကော်ဖီဆိုင် ၊ ဒါမှမဟုတ် လူရှုပ်တဲ့လမ်းမှာထိုင်ပြီး မိမိရဲ့ပတ်ဝန်းကျင်ထဲမှာ နှစ်မြုပ်လိုက်ပါ ။ လူတွေနဲ့စကားပြောစရာမလိုဘူး ။
၅။ လေ့လာပါ
မိမိတွေ့ကြုံနေရတဲ့အရာကို ရှာဖွေပါ ။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသိပညာ နဲ့ အရင်းအမြစ်တွေကို ရှာဖွေလေ့လာပါ ။
၆။ ကြိုတင်ပြင်ဆင်ပါ
တစ်နေ့တာလုပ်ဆောင်ရမည့် စာရင်းကို ညကတည်းက ချရေးထားပြီး ပြင်ဆင်ထားပါ ။
၇။ အားသာချက်များ
မိမိမှာ အားနည်းချက်ပဲရှိနေတာ မဟုတ်ပါဘူး ။ အားသာချက်တွေလည်း ရှိတယ်ဆိုတာ သတိရအောင် အားသာ ချက် အချက် ၂၀ စာရင်းကို ချရေးပါ ။
၈။ ရှေ့ကိုဆက်သွားပါ
ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့ ခြေလှမ်းတွေကို ဆက်လှမ်းပါ ။ ဘာမှမလုပ်ဘဲ ငြိမ်နေခြင်းသည် ခက်ခဲတာတွေကို ပိုတွေးမိစေပါတယ် ။
၉။ ဟင်းချက်တာ ၊ ဓာတ်ပုံရိုက်တာလိုမျိုး ဝါသနာဟောင်းတစ်ခုကို ပြန်လုပ်ပါ ။ တစ်ခုမှမရှိလျှင် တစ်ခုခု ဖန်တီးပါ ။
၁၀။ ဦးစားပေးပါ
အရေးကြီးတာတွေကို အခုပဲ ဆုံးဖြတ်ပြီး လုပ်ပါ ။
မလိုအပ်တဲ့ အပိုအလုပ်တွေကို ငြင်းဆိုပါ ။
၁၁။ စိတ်ကြည်အောင် အိပ်ရေးဝဝအိပ်ပါ
ညတိုင်း ခုနှစ်နာရီကနေ ကိုးနာရီကြာအောင် အိပ်စက်အနားယူပါ ။
၁၂။ ရူးသွပ်ပါ
ငယ်ငယ်က လုပ်ချင်ခဲ့တဲ့ အလုပ်တစ်ခုခုကို လုပ်ပါ ။ ဘဝကို အရမ်းအလေးအနက် မထားပါနဲ့ ။
၁၃။ ငိုခပှါ
စိတ်ညစ်နေတဲ့ စိတ်ခံစားချက် အားလုံးကို လွှတ်ပေးလိုက်ပါ ။ ပိုကောင်းလာမယ် ။
၁၄။ သင့်ကိုယ်သင် ပြောဆိုမှုတွေကို စစ်ဆေးပါ
မိမိကိုယ်ကို အပျက် သဘောဆောင်တဲ့ ပြောဆိုမှုတွေကိုရှောင်ပါ ။
၁၅။ ချရေးပါ
စိတ်ခံစားချက်တွေကို ချရေးတဲ့ အလေ့အထကို မွေးမြူပါ ။ ဒါက သင့်စိတ်ကို လွတ်မြောက်အောင် ကူညီပေးပါလိမ့်မယ် ။
၁၆။ ဘဝသည် ခရီးတစ်ခုဖြစ်ကြောင်း သင့်ကိုယ်သင်သတိပေးပါ ။ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ ယာယီဖြစ်ပြီး ပြီးဆုံးသွားမှာဖြစ်ကြောင်း သတိပေးပါ ။ အခုအချိန်မှာ ဘဝက ခက်ခဲနေရင် အထက်ပါ အချက်လေး တွေကို လုပ်ကြည့်ပါ ။
#crd_to_owner_with_respect
#admin_at

image