4 d - Translate

စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၀၀၀ ကျော်လာ

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၇၀၀၀ အထိ မြင့်တက်လာကြောင်းမှ သိရသည်။

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ယခုအခါ တစ်ပိဿာ ၇၀၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက် ၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ နိုဝင်ဘာ (၁၈)ရက်မှ (၂၅) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၇၀၁၅) ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

image