8 w - Translate

AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား မလေးရှားနိုင်ငံမှ ဆက်လက် တာဝန်ယူ ဆောင်ရွက်မည်

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရှိ လာအိုနိုင်ငံထံမှ မလေးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး(၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများကို လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ လွမ်ပရာဘန်မြို့တွင် နိုဝင်ဘာ (၁၂) ရက်မှ (၁၅)ရက်အထိ ကျင်းပခဲ့ပြီး AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး (၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ AICHR ကိုယ်စားလှယ် H.E. Ambassador Yong Chanthalangsy က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ/ ခေတ္တကိုယ် စားလှယ်များ၊ AICHR ကိုယ်စားလှယ်၏ လက်ထောက်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေ ကိုယ်စားလှယ်ကလည်း လေ့လာသူအဖြစ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ အာဆီယံအတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများ၊ AICHR ၏ အဖွဲ့အစည်းဆိုင်ရာ ကိစ္စများ၊ ၂၀၂၆-၂၀၃၀ ခုနှစ်အတွက် AICHR ၏ (၅) နှစ်တာ လုပ်ငန်းစီမံချက် ရေးဆွဲရာတွင် ပါဝင်ရမည့် အချက်များနှင့် ရေးဆွဲရန် မျှော်မှန်းကာလ၊ AICHR ၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များအကောင်အထည်ဖော်မှု အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

AICHR ၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များ ဆွေးနွေးရာတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ အခွင့်အရေး၊ အမျိုးသမီး၊ ကလေ-းသူငယ်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ရဲအရေးကိစ္စ၊ ညှဉ်းပ-န်းနှိ-ပ်စက်မှု တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ ရွှေ့ပြောင်း လုပ်သားများအခွင့်အရေးနှင့် လူငယ်များနှင့် ထိတွေ့ဆက်ဆံရေး စသည့် ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ဒေသတွင်း စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးနိုင်ရန် ကဏ္ဍအလိုက်နှင့် မဏ္ဍိုင်အလိုက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၏ အရေးပါမှုကို ထပ်လောင်း ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် လက်ရှိ ၂၀၂၂-၂၀၂၄ ခုနှစ်ကာလအတွက် AIC HR ကိုယ်စားလှယ်များနှင့် လာမည့် ၂၀၂၅-၂၀၂၇ ခုနှစ်ကာလအတွက် AICHR ကိုယ်စားလှယ်များအကြား လုပ်ငန်းတာဝန်အကူးအပြောင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂ ၅ ခုနှစ် အစောပိုင်းတွင် ကျင်းပရေး အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး (၂/၂၀၂၄) ကာလအတွင်း AICHR ကိုယ်စားလှယ်များနှင့် လူမှောင်ခိုမှု၊ လူကုန်ကူးမှုနှင့် ဆက်စပ်နိုင်ငံ ဖြတ်ကျော် မှုခင်းများဆိုင်ရာ ဘာလီလုပ်ငန်းစဉ်၏ ဒေသဆိုင်ရာ ပံ့ပိုးရေးရုံးနှင့် ပထမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ပူးပေါင်း ဆောင်ရွက်ရန် အလားအလာရှိသည့် အပြန်အလှန် အကျိုးဖြစ်ထွန်းနိုင်သော နယ်ပယ်များကို သတ်မှတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

imageimage