5 d - Translate

အမှတ်တမဲ့ဆိုရင်တော့ ဒီပုံတွေက ရယ်ရတယ်ပေါ့။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် ကျွန်တော်တို့နိုင်ငံလို နည်းပညာမှာ နောက်ကျတဲ့ နိုင်ငံအတွက် အန္တရာယ်လို့ပြောလို့ရနိုင်ပါတယ်။ AI ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာကြည့်တဲ့အခါ Deepfake လို့ခေါ်တဲ့ လူတဦးရဲ့ သွင်ပြင်နဲ့ အပြုအမူတွေကို သေချာလေ့လာပြီး အသံကစ တသွေမတိမ်းတူအောင်ဖန်တီးပြီး လိမ်လည်တဲ့ ပြစ်မှုတွေဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအဖြစ်များတာတွေ့ရပါတယ်။ အခုဆိုရင် သာမန်လူတွေကြားထဲမှာပါ နည်းပညာကို အသုံးပြုပြီး လိမ်လည်ခံရတဲ့ပြစ်မှုတွေတွေ့ရတာများပါပြီ။ ခိုင်မာတဲ့ နည်းပညာအဟန့်အတားနဲ့ Digital literacy နည်းနေသေးသရွေ့ ပြည်သူတွေရဲ့ဘဝက မြေစာပင်ပါပဲ

image