အိန္ဒိယသံအမတ်ကြီးနှင့် မြန်မာလုပ်ငန်းရှင်များ တွေ့ဆုံ
နိုဝင်ဘာ ၁၈
အိန္ဒိယ သံအမတ်ကြီး အဘ်ဟေး သာကာ (Abhay Thakur)သည် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က တွေ့ဆုံ၍ စိုက်ပျိုးရေးထွက်ကုန်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ သံရုံးမှ ထုတ်ပြန်ခဲ့သည်။
သံအမတ်ကြီး အဘ်ဟေးသာကာသည် မြန်မာနိုင်ငံ၏ ပဲ၊ ပြောင်း၊ နှမ်း ကုန်သည်များအသင်း (MPBMSMA) ၊ မြန်မာကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၊ Overseas Agro Traders Association (OATA) တို့၏ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်ဟု သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ထို့နောက် စိုက်ပျိုးရေး ထွက်ကုန်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် မိမိတို့၏ ဆက်ဆံရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍဖြစ်သည်ဟုလည်း အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယသည် မြန်မာနှင့်ပဲတန်ချိန် ၅ သိန်း တင်ပို့နိုင်ရေး MoU ထိုးရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။
ပုံ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့က အိန္ဒိယသံအမတ်ကြီး အဘ်ဟေးသာကာနဲ့ မြန်မာလုပ်ငန်းရှင်များ တွေ့ဆုံစဉ်
#centralnewsnaypyitaw