ပုဂံမြို့နှင့် လဲ့ရှန်းမြို့ ချစ်ကြည်ရေးမြို့တော်တည်ထောင်

နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ၊ ပုဂံမြို့နှင့် တရုတ်နိုင်ငံ၊ လဲ့ရှန်းမြို့တို့ကြား ချစ်ကြည်ရေးမြို့တော်တည်‌ထောင်သွားမည်ဖြစ်၍ မြို့တော်တည်ထောင်ရေးနား လည်မှုစာချွန်လွှာအား နိုဝင်ဘာ ၁၄ ရက်က တ ရုတ်နိုင်ငံ၊ စစ်ချွမ်းပြည်နယ်၊ လဲ့ရှန်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်၍ လဲ့ရှန်းမြို့ CPC ပါတီကော်မတီအတွင်းရေးမှူး Mr. Zhao Bo နှင့်အတူမိန့်ခွန်းပြောကြားခဲ့ကြပြီး နားလည်မှုစာချွန်လွှာအား မန္တလေးစည်ပင်၏ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးနှင့် လဲ့ရှန်းမြို့၊ မြို့တော်ဝန် Mr. Chen Guanghao တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ ပုဂံမြို့နှင့်လဲ့ရှန်းမြို့ ကြား ယဥ်ကျေးမှု၊ ခရီးသွားလာရေးလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများ၌ ပိုမိုပူး ပေါင်းဖလှယ်မှုများပြုလုပ်နိုင်ရန်အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

#centralnewsnaypyitaw

image