တရားမဝင်ရေနံစိမ်း ကျပ်သိန်း ၂၈၀၀ နီးပါး ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၈

တရားမဝင် ရေနံစိမ်း အနှစ် ဂါလံ ၃၂၀၀ တင်ဆောင်လာတဲ့ ၁၀ ဘီး ယာဥ် တစ်စီးတရားမဝင်ပစ္စည်း ကျပ်သိန်း ၂၈၀၀ နီးပါး ဖမ်းဆီးရမိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက ပြောပါတယ်။

အဲ့ ဒီဖမ်းဆီးရမိမှုတွေထဲမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည် တစ်ဦးရဲ့ ဝန်စည် အိတ်အတွင်းက တရားဝင် အထောက်အထားတင်ပြနိုင်မှုမရှိတဲ့ လုပ်ငန်းသုံး ပစ္စည်း (၂)မျိုး ကာလတန်ဖိုး ငွေကျပ် (၂၆၁၇၄၀၀) ရှိတာကို ဖမ်းဆီးရမိခဲ့တယ်လို သိရပါတယ်။

ရေနံစိမ်း တင်ဆောင်လာတဲ့ ၁၀ ဘီးယာဥ်ကိုတော့ နိုဝင်ဘာ ၁၇ ရက်နေ့က ပြည်မြိုကနေ ပန်းတောင်းမြိုဘက်ကို မောင်းနှင်လာချိန် နဝဒေးတံတား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာလို သိရပါတယ်။

အဲ့ ဒီ့ ဖမ်းဆီးရမိတဲ့ ဂါလံ ၃၂၀၀ ဆံ့ ၁၀ ဘီး ဆီသည်ယာဥ် ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀၀ နဲ့ ရေနံစိမ်း အနှစ် ဂါလံ ၃၂၀၀ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၁၈၈၈၀၀ တွက်ချက်ထားပါတယ်။

ဒါအပြင် တရားမဝင် ကျွန်းသစ် ၁ ဒသမ ၆၁၂ တန်နဲ့ သစ်မာ ၈ ဒသမ ၇၀၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂၄၀၅၆) တိုကို ပဲခူး၊ ညောင်လေးပင်နဲ့ ပြည်ခရိုင်အတွင်းက ဖမ်းဆီးရမိခဲ့တယ်လို သိရပါတယ်။

နိုဝင်ဘာ ၁၆ နဲ့ ၁၇ ရက်တွေက ဖမ်းဆီးရမိတဲ့ အမှုတွဲ ၅ မှုဟာ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၉၄၃၀၂၅၆ ရှိတယ်လို တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

Credit - MCNA

#သတင်းဟင်းလေးအိုးကြီ

image