အင်္ဂလန်လူငယ်တွေက တူချယ်လ်ကို ရွေးချယ်မှုပေးတယ်လို့ ဟာရီကိန်းပြော

နိုဝင်ဘာ ၁၈

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက လူငယ်ကစားသမားတွေ အများအပြား ပေါ်ထွက်လာတာဟာ နည်းပြ သစ် တူချယ်လ်အတွက် ရွေးချယ်မှုပေးတယ်လို့ အိုင်ယာလန်အသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

ဟာရီကိန်းက “တူချယ်လ်မှာ ရွေးချယ်စရာ ကစားသမားတွေ အများကြီးရှိပါတယ်။ ဝင်ရောက်လာပြီး ကောင်းမွန် စွာ ကစားပြခဲ့ကြတဲ့ လူငယ်ကစားသမားတွေနဲ့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ အတွေ့အကြုံရင့် ကစားသမား တွေ ပြန်ပါဝင်လာခဲ့ရင် ဟန်ချက်ကောင်းသွားမှာပါ။ တူချယ်လ်က လူတိုင်းကို စောင့်ကြည့်နေမယ်ဆိုတာ သေချာ ပါတယ်။ လူငယ် ကစားသမားသစ်တွေအတွက် အခွင့်အလမ်း အသစ်တွေအကြောင်း ကျနော်တို့ ပြောခဲ့ကြပြီး သူတို့တွေဟာ အလွန်ကောင်းမွန်တဲ့ အရာအချို့ကို ပြသနိုင်ခဲ့တယ်”လို့ ITV ကို ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ် B အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိုင်ယာလန်အသင်းနဲ့ပွဲစဉ်မှာ ၅ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ဂိုးတွေကို ဟာရီကိန်း၊ ဂေါ်ဒွန်၊ ဂယ်လာဂါ၊ ဘိုဝင်နဲ့ ဟားဝုဒ်တို့က သွင်းယူခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုပထမနဲ့ နေးရှင်းလိဂ် B ကနေ A ကို တိုက်ရိုက် တန်းတက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ နေးရှင်းလိဂ် ၂ ပွဲ မတိုင်ခင်မှာ အဓိက ကစားသမားအပြား ဒဏ်ရာ ကြောင့် နုတ်ထွက်ခဲ့တဲ့အတွက် ယာယီနည်းပြ လီကာစလေဟာ လူငယ်ကစားသမား အများအပြားကို သူတို့ တွေရဲ့နေရာမှာ အစားထိုးခဲ့တာပါ။

အင်္ဂလန်လူငယ် ကစားသမားတွေဟာ နိုင်ငံအသင်းကြီးအတွက် ပွဲဦးထွက် ပါဝင်ခွင့်ရချိန်မှာ ခြေစွမ်းပြသ နိုင်ခဲ့ပါတယ်။

အဲဒါကြောင့် အင်္ဂလန်အသင်း ခေါင်းဆောင် ဟာရီကိန်းက လူငယ်ကစားသမားတွေဟာ နည်းပြသစ် တူချယ်လ်ကို လူစာရင်းအတွက် ရွေးချယ်မှုတွေပေးတယ်လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ် အိုင်ယာလန် အသင်းနဲ့ပွဲစဉ်မှာ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ လီကာစလေ ဟာ အင်္ဂလန် ယူ-၂၁ နည်းပြရာထူးကို ပြန်လည်ရယူသွားမှာဖြစ်ပါတယ်။

လီကာစလေက အင်္ဂလန်အသင်း နည်းပြသစ် တူချယ်လ်အနေနဲ့ သူ့ရဲ့ပထမဆုံး လူစာရင်းရွေးချယ်မှုမှာ အမှန်တကယ် စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်လို့ ပြောခဲ့တာပါ။

ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ဟာ အင်္ဂလန်အသင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ နည်းပြသစ်အဖြစ် တရားဝင် စတင်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - အင်္ဂလန်အသင်းကို တွေ့ရစဥ်

Credit - Myanmar Sport Report

#သတင်းဟင်လေးအိုးကြီး

image