ရုရှားနိုင်ငံအတွင်းပိုင်းထဲကို အမေရိကန်လက်နက်အသုံးပြုတိုက်ခိုက်ဖို့ ယူကရိန်းကို ဘိုင်ဒန်အစိုးရခွင့်ပြု

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၈။

ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်ရာမှာ အမေရိကန်ထုတ်လက်နက်တွေကို အသုံးပြုတိုက်ခိုက်ဖို့ သမ္မတဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံကို ခွင့်ပြုလိုက်ကြောင်း အမေရိကန်အရာရှိ နှစ်ဦးနဲ့ သမ္မတရုံးနဲ့ နီစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံက လာမယ့်ရက်ပိုင်းအတွင်းမှာ တာဝေးပစ်လက်နက်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း အဆိုပါ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပေမဲ့ စစ်ဆင်ရေးသတင်းလုံခြုံမှုအရ အသေး စိတ်ပြောဆိုခြင်းမရှိပါဘူး။ ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ဖို့အတွက် အမေရိကန်လက်နက်တွေကိုအသုံးပြုခွင့်ပေးဖို့ ယူကရိန်း သမ္မတ ဗလာဒီမာဇီလန်စကီးက လပေါင်းများစွာကြာအောင် တောင်းဆိုခဲ့ရာမှာ လာမယ့်နှစ် ဇန်နဝါရီ ၂၀ ရက် နေ့ ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့် စတင်တာဝန်မထမ်းဆောင်မီ နှစ်လအလိုမှာ ဂျိုးဘိုင်ဒန်က အခု လိုခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ဖို့အတွက် မြောက်ကိုရီးယားတပ်တွေကို ရုရှားနိုင်ငံမှာ တပ်ဖြန့်ချထား တာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ဆုံးဖြတ်ချက်ပြောင်းလဲလာတာဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးနဲ့ သ တင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒုံးကျည်တွေနဲ့ ပတ်သက်ပြီး အထူးရှင်းပြစရာမလိုကြောင်း သမ္မတဇီလန်စကီးက ညနေပိုင်းပြောကြားတဲ့ မိန့် ခွန်းထဲမှာ ထည့်သွင်းပြောကြားပါတယ်။

“ဒီကနေ့အချိန်မှာ သင့်လျော်တဲ့ တိုက်ခိုက်မှုတွေနဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်ဖို့ ကျွန်တော်တို့ ခွင့်ပြုချက်ရပြီဆို တာကို မီဒီယာတွေမှာ ပြောနေကြပါတယ်။ ဒါပေမဲ့ တိုက်ခိုက်မှုဆိုတာ ပါးစပ်အပြောနဲ့ လုပ်မှာမဟုတ်ဘူး။ အဲဒီ လို တိုက်ခိုက်မှုတွေကို ကြေညာမှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

အိမ်ဖြူတော်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိပါဘူး။ အမေရိကန်လက်နက်တွေအသုံးပြုပြီး တိုက်ခိုက်လာရင် စစ်ရှိန်မြင့်တက်လာမယ်လို့ သတိပေးခဲ့တဲ့ ရုရှားအစိုးရ ကြတော့ လောလောဆယ် တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

ရုရှားအထက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီရဲ့ ဒုတိယအကြီးအကဲ (၁) ဖြစ်တဲ့ ဗလာဒီမာ ဒက်ဗာ ရော့ဗ်ကတော့ ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ဖို့အတွက် ဝါရှင်တန်က အမေရိကန်လက်နက်တွေကို အသုံးပြုခွင့်ပေးလိုက်တာဟာ တတိယကမ္ဘာစစ် ဖြစ်သွားစေနိုင်ကြောင်း ပြောပါတယ်။

“အနောက်အုပ်စုက အခုလို စစ်ရှိန်မြင့်တက်စေမယ့်အဆင့်အထိ ဆုံးဖြတ်ချက်ချလိုက်တာဟာ ယူကရိန်းနိုင်ငံ ကို တစ်မနက်တည်းနဲ့ လုံးဝဥဿုံပျက်သုန်းသွားစတေဲ့အထိ အဆုံဖြတ်သွားအောင် လုပ်လိုက်တာပဲဖြစ်တယ်။” လို့ ရုရှားအထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီ ထိပ်တန်းအဖွဲ့ဝင် အန်းဒရီးကလစ်ရှာက တယ်လီဂရမ်ပို့စ် မှာရေးသားထားပါတယ်။

ယူကရိ်န်းနိုင်ငံရဲ့ ပထမဦးဆုံး တာဝေးလက်နက်အသုံးပြုတိုက်ခိုက်မှုမှာ မိုင် ၁၉၀ (ကီလိုမီတာ ၃၀၆) အထိ ပစ် ခတ်နိုင်တဲ့ ATACMS ရော့ကက်တွေကို အသုံးပြု တိုက်ခိုက်လာနိုင်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါ တယ်။

Ref: Biden allows Ukraine to use US arms to strike inside Russia: Reuters

#သတင်းဟင်းလေးအိုးကြီး

image