အမရပူမြို့နယ်အတွင်းရှိDENKO စက်သုံးဆီဆိုင် လုယက်ခံရ
နိုဝင်ဘာ ၁၈
အမရပူရမြို့နယ်၊နတ်ရေကန်ကျေးရွာအုပ်စု၊မုတ်ပုလဲကျေးရွာတွင် ဖွင့်လှစ်ထားသည့် Denko စက်သုံးဆီအရောင်းဆိုင်သို့ မွန်းလွဲ ၂ နာရီခွဲခန့်ကအသက် ၂၅နှစ်အရွယ်ခန့် အမည်မသိအမျိုးသား ၁ဦးမှ CZI-125 နက်ပြာရောင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ၎င်းဝတ် ဆင်လာသော အင်္ကျီနက်ပြာရောင်ဂျာကင်အတွင်းဝှက်ယူလာသည့် သေနတ်အရှည်အား ဇစ်ဆွဲထုတ်ပြီး သေနတ် ၅ချက်ပစ်ဖောက်ခဲ့ကာ စက်သုံးဆီရောင်းချရရှိထားသည့် ငွေ ၁၂၁၆၂၀၀ိ/ကျပ်အား လုယက်ပြီး ထုံးဘို-ပြင်ဦးလွင်လမ်းဘက်သို့ မောင်းထွက်သွားခဲ့တဲ့ဖြစ်ရပ်ရှိတယ်လို့သိရပါတယ်။
အဆိုပါဖြစ်စဥ်နှင့်ပါတ်သက်၍တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါတယ်။
Credit - MMG News
#သတင်းဟင်းလေးအိုးကြီး