9 w - Translate

ပြုပြင်နိုင်ခြင်းမရှိသေးသည့် ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာများကို ကွင်းဆင်းစစ်ဆေး

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရှမ်းပြည်နယ်အ တွင်းရှိ နေရာဒေသအများစုမှ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုသို့ ပျက်စီးဆုံးရှုံးခဲ့သည့် ဓာတ်အားလိုင်းများနှင့်ထရန်စဖော်မာများအနက် အင်းလေးဒေသနှင့် ကလေး နမ့်ပန်တက်ဒေသတို့ရှိ ပျက်စီးမှုများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်မှုများပြုလုပ်ခဲ့ကြသဖြင့် ယင်း ဒေသများအား လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

ယင်း ဒေသများ၌ လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ဟိုပုံးမြို့နယ်ရှိ ကျေး ရွာ(၁၃)ရွာတွင်ပျက်စီးနေသည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများအား ပြန်လည်ပြုပြင်နိုင်ရန်ဆောင်ရွက်ခဲ့ကြသော်လည်း လမ်းခရီးသွားလာမှုအခက်အခဲကြောင့် ပြန်လည်ပြင်ဆင်နိုင်မှုမရှိသေးသဖြင့် သက်ဆိုင်ရာ လျှပ်စစ်ဌာနတာဝန်ရှိသူများနှင့်လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများမှ ယနေ့ နိုဝင်ဘာ ၁၇ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးမှုအရ အဆိုပါ ကျေးရွာ(၁၃) ရွာအား လျှပ်စစ်ဓာတ်အား ပုံမှန်ဖြန့်ဖြူးပေးနိုင်ရန် အစားထိုးထည့်သွင်းပြုပြင်ရမည့်ပစ္စည်းများမှာ လုပ်ငန်းခွင်သို့ရောက်ရှိရန် ခက်ခဲနေဆဲဖြစ်၍ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် ရက်အနည်းငယ်ထပ်မံကြာမြင့်မည်ဖြစ်သည်။

image