မဲ‌‌ဆောက်မှာ ကွန်တိုင်နာ ကားအောက်ပိုင်းကနေ ခိုး၀င်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၈) ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၇

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့အတွက် ကွန်တိုင်နာ ကားအောက်ပိုင်းကနေ ခိုးဝင်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၈)ဦးကို မဲ‌ဆောက်မြို့နယ်အပိုင်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေး ဌာနက ပြောဆိုထားပါတယ်။

ဖမ်းဆီးခံရတဲ့ အထဲမှာ အမျိုးသား (၆)ဦးနဲ့ အမျိုးသမီး (၂) ပါဝင်ပြီး ကွန်တိုင်နာ ကားကို ထိုင်းစစ်တပ်နဲ့ သက်ဆိုင်ရာ အဖွဲ့တွေက နိုဝင်ဘာ ၁၆ ရက်နေ့ စစ်ဆေးတဲ့ အချိန် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ကားရဲ့ ဖရိန်တန် နဲ့ ကွန်တိုင်နာ Box ကြားမှာ သစ်သားပြားတွေနဲ့ ကာပြီး လုပ်ထားတဲ့ အခန်း နေရာအတွင်း ကနေ ဖမ်းဆီးခံရသူတွေ လိုက်ပါလာကြာတာလို့ ဆိုပါတယ်။

ယာဉ်မောင်းကို တရားမဝင်နိုင်ငံခြားသားများဝင်ရောက်မှုကို ကူညီပေးမှုနဲ့ ဖုံးကွယ်မှုတို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား (၈)ဦးကိုတော့ သက်ဆိုင်ရာ ဉပဒေနဲ့အညီတရားစွဲ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image