7 d - Translate

" ပံ့သကူ ဆိုတာ "

🔸ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ
မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာပြီ
ဖြစ်တဲ့ အလေ့တစ်ခုပါ။

🔸မိမိ လှူချင်၊ တန်းချင်တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ။

🔸ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာတစ်ခုခု မှာ သွားပြီး ချထားပါ။

🔸ခြွင်းချက် နည်းနည်း ရှိပါတယ်။ အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး ။ ကိုယ် တစ်ယောက် သာ သိရပါမယ်။

🔸လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး။

🔸နောက် တစ်ရက်မှာ မိမိ လှူလိုက်တဲ့ ပစ္စည်း ကို ရသွားတဲ့ လူ က ကောင်းချီးမင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။

🔸 အဲဒီ ကုသိုလ် ဟာ ( ရှေး အရင် က ရဟန်းတွေ ဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ ..စတဲ့ နေရာတွေကနေ အ၀တ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်၀တ်လေ့ရှိပါတယ်။ အ၀တ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့)ခုန ရဟန်းတစ်ပါး ဟာ အ၀တ်ကောင်းကောင်း လေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။

Sanomia | Ref to Original | #ပံ့သကူ

image